10 ပတ် - ဘာသာပြန်ပါ။

◼ စရပူရီပြည်နယ်တွင် ကားတစ်စီးပေါ်၌ ပုန်းအောင်း လိုက်ပါလာသည့် မြန်မာနိုင်ငံသားရှစ်ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ စရပူရီပြည်နယ်တွင် စက်တင်ဘာ ၂၅ရက်က ကားတစ်စီးပေါ်၌လိုက်ပါလာသည့် တရားမ၀င် ၀င်ရောက်လာသော မြန်မာ နိုင်ငံသားရှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းထိုင်းအဝေးပြေးလမ်းမရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။
စရပူရီအဝေးပြေးလမ်းမရဲတပ်ဖွဲ့သည် ရာဇ၀တ်မှုများကိုတိုက်ဖျက်ရန် စစ်ဆေးရေးဂိတ်တစ်ခုဖွင့်လှစ်ခဲ့ပြီး သံသယဖြစ်ဖွယ် ကားတစ်စီးကိုရှာဖွေစဉ်အတွင်း ပတ်စ်ပို့နှင့် ခရီးသွားလာခွင့်ဆိုင်ရာ စာရွက်စာတမ်းများ မပါရှိသည့်မြန်မာအလုပ်သမားရှစ်ဦးအား ပြွတ်သိပ်စီးနင်းလိုက်ပါလာသည်ကိုတွေ့ရှိခဲ့ကြောင်းသိရသည်။
ကားမောင်းသူအားစစ်ဆေးရာ အမည်မသိ ထိုင်းအမျိုးသားတစ်ဦးက အက်ပလီကေးရှင်းတစ်ခုမှ စ်ဆင့်ဆက်သွယ်ခဲ့ပြီး နခွန်ဆ၀မ် ပြည်နယ်မှမြန်မာ အလုပ်သမားရှစ်ဦးကိုသွားရောက်ခေါ်ဆောင်ရန်ပြောဆိုခဲ့ပြီး တစ်ဦးလျှင် ဘတ် ၁၀၀၀ ရရှိခဲ့သည်ဟု ၀န်ခံခဲ့ကြောင်းသိရသည်။
၎င်းတို့အားလုံးကိုထိန်းသိမ်းထားပြီး ဥပဒေအရဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း အဝေးပြေးလမ်းမရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
ဓာတ်ပုံ- ထိုင်းအဝေးပြေးလမ်းမရဲတပ်ဖွဲ့
#ယနေ့ထုတ်သတင်းစာ_သတင်း

image