အိုဗီဒိုအား နောက်က လိုက်ကစားကာ ဘာစီလိုနာတို့ အနိုင်ရတဲ့ပွဲတွင် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြန်တဲ့ မားကပ်စ်ရက်ဖို့ဒ်

စက်တင်ဘာ ၂၆

မားကပ်စ်ရက်ဖို့ဒ်ဟာ မနေ့ညတုန်းက အိုဗီဒိုအား နောက်ကလိုက်ကစားခဲ့ရတဲ့ပွဲတွင် ဘာစီလိုနာတို့ နိုင်ပွဲ ရရှိအောင် ဖန်တီးမှု ပြုလုပ်ပြီး ကူညီနိုင်ခဲ့ပါတယ်။

မနေ့ညက ပွဲတွင် ဘာစီလိုနာဟာ လာလီဂါမှာ ရုန်းကန်နေရတဲ့ အိုဗီဒိုအား ထင်မှတ်မထားဘဲ ဂိုးစတင်ပေးခဲ့ရပါတယ်။

ပွဲချိန် ၃၃ မိနစ်တွင် ဘာစီလိုနာဂိုးသမားဂျိုအန်ဂါစီယာ ရှေ့တက်ပြီး တိုက်စစ်ကို တားဆီးရာမှာ ဘောလုံးပေးပို့မှု အမှားပြုလုပ်ခဲ့ပါတယ်။

ယင်းမှ တဆင့် အယ်ဘာတိုရေနာ ရရှိသွားပြီး ဘာစီလိုနာကွင်းလယ်တစ်ဝက်လောက်ကနေ လှမ်းကန်သွင်းကာ အိုဗီဒိုအတွက် ဦးဆောင်ဂိုးရယူခဲ့ပါတယ်။

ဒါပေမဲ့ ဘာစီလိုနာဟာ ဒုတိယပိုင်း ၅၆ မိနစ်တွင် အဲရစ်ဂါစီယာရဲ့ အနီးကပ်ပိတ်သွင်းမှုမှ တဆင့် ချေပဂိုးရရှိခဲ့ပါတယ်။

ပွဲချိန်မိနစ် ၇၀ မှာတော့ ဖရန်ကီဒီယွန်ရဲ့ ဖြတ်တင်ဘောကနေ လီဝန်ဒေါ့စကီးက ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

ယင်းနောက် ပွဲပြီးဖို့ ၂ မိနစ်အလိုမှာ မားကပ်စ်ရက်ဖို့ဒ်ရဲ့ ထောင့်ကန်ဘောကနေ အရူဂျိုက ခေါင်းတိုက်ပြီး ဘာစီလိုနာအတွက် တတိယဂိုးသွင်းယူခဲ့ပါတယ်။

မားကပ်စ်ရက်ဖို့ဒ်ဟာ လာလီဂါနောက်ဆုံး ၃ ပွဲတွင် ၃ ကြိမ်မြောက် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာ ဘာစီလိုနာ နောက်ဆုံး ၄ ပွဲလုံးတွင် ဂိုးရရှိရာမှာ ပါဝင်ပတ်သက်ထားပါတယ်။

လာလီဂါတန်းတက်အိုဗီဒိုဟာ ဘာစီလိုနာရှုံးပွဲကြောင့် ပွဲစဉ် ၆ အပြီး ရမှတ် ၃ မှတ်ဖြင့် တန်းဆင်းဇုန်မှာ ဆက်လက် ရှိနေခဲ့ရပါတယ်။ အိုဗီဒိုအတွက် ဘာစီလိုနာပွဲစဉ်မှ ဂိုးက ယခုရာသီ ဒုတိယမြောက်ရဂိုးလည်း ဖြစ်ပါတယ်။

ဘာစီလိုနာကတော့ ထိပ်ဆုံးမှ ရီးရဲလ်မက်ဒရစ်ကို ၂ မှတ်အကွာနှင့် ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

imageimage