10 ပတ် - ဘာသာပြန်ပါ။

၂၀၁၈ ခုနှစ်က အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့က အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးဟာ နှစ်အတော်ကြာအောင် တစ်နေ့ကို Coca-Cola ၃ လီတာလောက် သောက်သုံးခဲ့တာကြောင့် ကျောက်ကပ်မှာ ကျောက်တည်တာ ၃၅ လုံးအထိ ဖြစ်ပွားခဲ့ပြီး နောက်ဆုံးမှာတော့ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်
ဆရာဝန်တွေရဲ့ စစ်ဆေးမှုအရ Coca-Cola မှာပါတဲ့ သကြားဓာတ်နဲ့ ဖော့စဖောရစ်အက်ဆစ် (phosphoric acid) က ခန္ဓာကိုယ်ရဲ့ သတ္တုဓာတ်မျှတမှုကို ပျက်စီးစေပြီး ကျောက်ကပ်ကျောက်တည်စေတဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ ကယ်လ်စီယမ် အောက်ဇာလိတ် (calcium oxalate) စုပုံလာအောင် အားပေးတာကြောင့်ဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်
ဒီဖြစ်ရပ်က အချိုရည်တွေကို ရေရှည်နဲ့ ပမာဏများစွာ သောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် ဘယ်လောက် အန္တရာယ်ရှိလဲဆိုတာကို ပြလိုက်တာဖြစ်ပါတယ် အချိုရည်တွေကို ပုံမှန်သောက်သုံးခြင်းဟာ ရေဓာတ်ခန်းခြောက်တာ၊ ဇီဝကမ္မဖြစ်စဉ် ပျက်ယွင်းတာတွေကို ဖြစ်စေနိုင်ပါနယ်
ဒီလို ဆိုးရွားတဲ့အခြေအနေတွေမှာဆိုရင် ခွဲစိတ်ကုသမှုတွေခံယူရနိုင်ပြိး ကုန်ကျစရိတ်ပေါင်းများစွာနဲ့လည်း ရင်ဆိုင်ရနိုင်တယ်ဆိုတာကို ဒီဖြစ်ရပ်ကဖော်ပြနေပါတယ်

image