မနက်ခင်းပိုင်းမှာ ခွေးလေးတွေ အရည်တွေ အန်တာမျိုးက ဘာကြောင့်လဲ ❓
🐾 အဝါရောင်အရည်အမြုတ်ဆိုတာ အသည်းကထုတ်လုပ်ပြီး သည်းခြေအိတ်ထဲမှာ သိုလှောင်ထားတဲ့ သည်းခြေရည် ဖြစ်ပါတယ်။
အစာအိမ်ထဲမှာ အစာမရှိဘဲ အန်တဲ့အခါမျိုးမှာ ခန္ဓာကိုယ်က အခြားထုတ်ပစ်စရာမရှိတော့တဲ့အတွက် ဒီသည်းခြေရည်ကို အန်ထုတ်တတ်ပါတယ်။
ဒီလိုမနက်ပိုင်း အန်ရခြင်းရဲ့ အဓိက အကြောင်းရင်းတွေကတော့-
➡️ ညစာစားပြီးနောက် မနက်စာ မစားခင် အချိန်ကြာမြင့်စွာ အစာအိမ် ဘာမှမရှိတဲ့အခါ အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်နဲ့ သည်းခြေရည်တွေ စုပုံလာပြီး အစာအိမ် နံရံကို ယားယံစေပါတယ်။
အဲဒီအခါ ခွေးလေးဟာ ပျို့ချင်လာပြီး မနက်ခင်းမှာ အစာမပါဘဲ သည်းခြေရည်ကို အန်ချတတ်ပါတယ်။
➡️ တစ်ခါတစ်ရံမှာတော့ ပိုပြီး စိုးရိမ်ရတဲ့ ကျန်းမာရေး ပြဿနာတွေကလည်း သည်းခြေရည် အန်စေနိုင်ပါတယ်။
အစာအိမ် နံရံ ရောင်ရမ်းတာ၊ ဥပမာ- စားလို့မရတဲ့ အရာတွေ စားမိတာ (မြက်၊ အမှိုက်၊ အဆီများတဲ့ အစားအစာ) စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
➡️ အရုပ်၊ အရိုး သို့မဟုတ် အခြား အရာဝတ္ထုတစ်ခုခု မျိုချမိပြီး အူလမ်းကြောင်းကို ပိတ်ဆို့နေရင်လည်း သည်းခြေရည်အန်စေနိုင်ပါတယ်။
ဒါဟာ အရေးပေါ် အခြေအနေ ဖြစ်ပြီး ချက်ချင်း ကုသဖို့လိုပါတယ်။
ခွေးလေးက မကြာခဏ အန်နေရင် တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ အကြံပြုလိုပါတယ်။