❝ကျားဖြန့်ဂိုဏ်းမှ တရုတ်နိုင်ငံသား ၈၅ ဦးနှင့် နိုင်ငံခြားသား ၁၅ ဦးကို UWSA, WSP က တရုတ်ထံအပ်နှံ❞

စက်တင်ဘာ ၂၅

UWSA, WSP က ၎င်းတို့၏ဒေသအတွင်းမှ ဖမ်းဆီးရမိထားသော ကျားဖြန့်ဂိုဏ်းဝင် တရုတ်နိုင်ငံသား ၈၅ ဦးနှင့် နိုင်ငံခြားသား ၁၅ ဦး၊ စုစုပေါင်း ၁၀၀ ဦးတို့ကို ယနေ့ စက်တင်ဘာ ၁၅ ရက်တွင် တရုတ်နယ်စပ်ဂိတ်ဖြစ်သော Menga ဂိတ်မှတဆင့် တရုတ်အစိုးရထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း "ဝ" လူငယ့်အသံက ထုတ်ပြန်ထားသည်။

အဆိုပါ UWSA, WSP အနေဖြင့် ယခု ၂၀၂၅ ခုနှစ်၊ ၉ လအတွင်း ၎င်းတို့ဒေသအတွင်းရှိ ကျားဖြန့်လုပ်ငန်းများကို (၁၂) ကြိမ်တိုင်အောင် ဖော်ထုတ်ဖမ်းဆီခဲ့ရာ တရုတ်နိုင်ငံသား (၄၃၃)ဦးနှင့် နိုင်ငံခြားသား (၁၅)ဦးတို့ကို ဖမ်းဆီးရရှိခဲ့သည်ဟု ဆိုထားသည်။

ဖမ်းဆီရရှိမှုအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ၂၀ ဦး၊ မတ်လအတွင်းက ၂၀ ဦး၊ ဧပြီလအတွင်း ၁၁၉ ဦး၊ ဇွန်လအတွင်းက ၆ ဦး၊ ဇူလိုင်လအတွင်းက ၁၄၅ ဦး၊ သြဂုတ်လအတွင်းက ၃၈ ဦးနှင့် ယခုစက်တင်ဘာလအတွင်း (၂၅ ရက်အထိ) ၈၅ ဦး၊ စုစုပေါင်း တရုတ်နိုင်ငံသား (၄၃၃)ဦးနှင့် နိုင်ငံခြားသား (၁၅)ဦးတို့ဖြစ်ကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

imageimage
+4