Yoga စကျင့်မဲ့ သူတွေအတွက် ဘာပစ္စည်းတွေ လိုအပ်မလဲ?
🧘♀️ယောဂ စတင်လေ့ကျင့်တော့မယ်ဆိုရင် ဘယ်ကနေ ဘယ်လိုစရမှန်းမသိတာမျိုး ဖြစ်တတ်ပါတယ်။
💻အထူးသဖြင့် အွန်လိုင်းကနေ သင်ယူလေ့ကျင့်မယ်ဆိုရင် ကိုယ့်အိမ်မှာ ကိုယ်တိုင်ပြင်ဆင်ရတာတွေ ရှိပါတယ်။
🧘♀️ဘာလေးတွေ လိုအပ်မလဲ တီချယ်လို့ မေးတဲ့ Beginner Yogi လေးများအတွက်
🌸Yoga Journey ကို ပိုမိုလွယ်ကူပြီး ထိရောက်စေမယ့် ပစ္စည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ယောဂဖျာ (Yoga Mat) - ကိုယ်ပိုင် Safe Space လေး ✨
▫️ယောဂဖျာက ယောဂလေ့ကျင့်မှူတွေအတွက် အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးအရာပါပဲ။
▫️ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ကြမ်းပြင်နဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကာကွယ်ပေးတဲ့အပြင် လေ့ကျင့်နေချိန်မှာ ချော်လဲတာမျိုး မဖြစ်အောင်လည်း ကူညီပေးပါတယ်။
▫️ ယောဂဖျာ ကို alignment lines ပါတဲ့ ဖျာ ကို ဦးစားပေးဝယ်ပါ။ ဒါဆိုရင် yoga poses တွေကို တိကျစွာ ချိန်ညှိနိုင်ပြီး wrong posture မဖြစ်စေဘဲ အရမ်းအသုံးဝင်ပါတယ်။
▫️ခြေထောက် လက် တို့ရဲ့ အကွာအဝေး ၊ alignments၊ adjustment တွေဟာ သေချာ မှန်ကန်ပြီးသား ဖြစ်စေပါတယ်။
🪴ဘာကြောင့်လိုအပ်လဲ?
▫️ယောဂဖျာမပါဘဲ ကြမ်းပြင်မာမာပေါ်မှာ လေ့ကျင့်တာဟာ ဒူး၊ လက်ကောက်ဝတ်နဲ့ တခြားအဆစ်တွေကို ထိခိုက်စေနိုင်ပါတယ်။
▫️ယောဂဖျာ နဲ့ ယောဂကျင့်ခြင်းက လေ့ကျင့်မှူတိုင်းကို ယုံကြည်မှုရှိရှိ လုပ်ဆောင်နိုင်စေပါတယ်။
🪴ဘယ်လိုရွေးချယ်မလဲ?
▫️ယောဂကို စတင်လေ့ကျင့်မဲ့ သူတွေအတွက် 5mm (သို့) 6mm အထူလောက်ရှိတဲ့ ဖျာကို ရွေးချယ်သင့်ပါတယ်။
▫️ပစ္စည်းအမျိုးအစားကတော့ ချွေးစုပ်ပြီး ချော်လဲတာကို ကာကွယ်ပေးနိုင်တဲ့ PU (သို့) Natural Rubber အမျိုးအစားက အကောင်းဆုံးပါပဲ။
၂။ Yoga Block - ၂ခု 🧱
▫️အခုမှ စ Yoga လေ့ကျင့်တဲ့သူတွေအတွက် Yoga Block ကို သုံးဖို့ အကြံပေးချင်ပါတယ်။
▫️လိုအပ်သလို အနေအထားမျိုးစုံနဲ့ အသုံးပြုနိုင်တာကြောင့် ယောဂposes တွေကို ပိုမိုပြည့်စုံစွာ လုပ်ဆောင်နိုင်ဖို့ ကူညီပေးပါတယ်။
🪴ဘာကြောင့်လိုအပ်လဲ?
▫️ယောဂPose တစ်ခုခု လုပ်တဲ့အခါ လက်က ကြမ်းပြင်နဲ့ မထိတာမျိုး၊ ဒါမှမဟုတ် ခန္ဓာကိုယ်ကို ပိုပြီး မဆန့်နိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
▫️ဒီလိုအခါမျိုးမှာ ဘလော့ခ်ကို အသုံးပြုပြီး ခန္ဓာကိုယ်အနေအထားကို ပိုမိုမှန်ကန်အောင်နဲ့ ထိခိုက်မှုမရှိအောင် အားထုတ်နိုင်ပါတယ်။
🪴ဘယ်လိုရွေးချယ်ကြမလဲ?
▫️ပေါ့ပါးပြီး အလွယ်တကူ ကိုင်တွယ်နိုင်တဲ့ ဖော့ (Foam) အမျိုးအစား Yoga Block ၂ ခုလောက်ကို ဝယ်ထားလိုက်ပါ။
၃။ ယောဂကြိုး (Yoga Strap) - ပိုမိုနက်ရှိုင်းတဲ့ Yoga လေ့ကျင့်မှုများလုပ်နိုင်ဖို့ အတွက်ပါ 🪢
▫️ယောဂကြိုးဟာ ယောဂရဲလေ့ကျင့်မှူတွေကို နောက်တစ်ဆင့် တက်လှမ်းဖို့အတွက် အကူအညီ ကောင်း တစ်ခုပါ။
🪴 ဘာကြောင့်လိုအပ်လဲ?
▫️Flexibility (ခန္ဓာကိုယ်ပျော့ပြောင်းမှု) အားနည်းတဲ့သူတွေအတွက် ခြေထောက်ကို လက်နဲ့ မမှီတာမျိုး၊ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို ဆန့်ထုတ်ချင်တဲ့အခါမှာ ကြိုးကို အသုံးပြုပြီး သက်သောင့်သက်သာနဲ့ ပိုမိုနက်ရှိုင်းတဲ့ ဆန့်ထုတ်မှုတွေကို ပြုလုပ်နိုင်ပါတယ်။
‼️သတိထားရမယ့်အချက် ‼️
▫️ကြိုးနဲ့ ဆန့်ထုတ်တဲ့အခါ လည်ပင်းနဲ့ ပုခုံးတွေမှာ အားမစိုက်မိအောင် သတိပြုရပါမယ်။
▫️တဖြည်းဖြည်းချင်း သက်တောင့်သက်သာဖြစ်လာအောင်သာ ကြိုးစားပါ။
၄။ Yoga Bolster - စိတ်ရောကိုယ်ပါ အနားယူချိန် အတွက် အသုံးပြုဖို့ 🧘♀️
▫️ယောဂ လေ့ကျင့်မှူတွေရဲ့အဆုံးမှာ စိတ်ကို ငြိမ်သက်ပြီး ခန္ဓာကိုယ်ကို လုံးဝပြေလျော့စေဖို့အတွက် Yoga Bolster က သုံးဖို့ သင့်တော်ပါတယ်။
🪴ဘာကြောင့်လိုအပ်လဲ?
▫️အနားယူတဲ့အချိန် (Relaxation) နဲ့ ညင်သာစွာ stretching လုပ်တဲ့အချိန်တွေမှာ yoga bolster ကို ခန္ဓာကိုယ်အောက်မှာထားပြီး ပိုမိုသက်သောင့်သက်သာဖြစ်အောင် လုပ်ဆောင်နိုင်ပါတယ်။
🪷ဘယ်ကနေစတင်သင့်သလဲ?🪷
▫️Online Yoga/ အိမ်မှာပဲ ယောဂ ကို စ ကျင့်တော့မယ်ဆိုရင် ယောဂဖျာ (Yoga Mat) နဲ့ Yoga Blocks နှစ်ခုကို အရင်ဆုံး ဝယ်ထားလိုက်ပါ။
▫️ဒီနှစ်ခုနဲ့တင် အခြေခံယောဂ (Basic Yoga) လေ့ကျင့်မှူ အများစုကို လုံခြုံစိတ်ချစွာ လုပ်ဆောင်နိုင်ပါတယ်နော်။
🧘♀️ယောဂကျင့်ခြင်းဟာ ကိုယ်ခန္ဓာကျန်းမာရေးအတွက်သာမက စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုနဲ့ ကိုယ့်ကိုယ်ကို ပိုမိုချစ်တတ်လာစေဖို့လည်း ကူညီပေးနိုင်ပါတယ်။ ✨
🌸 Yoga ကို စမယ့် သူလေးတွေ အတွက် ဒီ guide ကို save ထားလိုက်နော်။
Yogi တို့ရဲ့ yoga journey လေးကို support ပေးမယ့် beginner-friendly tips တွေကိုလဲ ဆက်လက် share ပေးသွားမှာမို့ stay tuned ✨
Namaste 🙏
ချစ်ခြင်းမေတ္တာဖြင့်
Your Yoga Sister
Soulflow with Evelyn - where movement meets mindfulness 🍀🤍
#yogajourney #beginneryogi
#yogaforbeginners #yogapractice
#yogabasics #yogatips #yogaathome #onlineyoga
#yogacommunity #yogaeverywhere
#mindbodysoul #healthylifestyle #wellnessjourney #selfcaredaily #innerpeace