5 w - Translate

၂၀၂၄ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ Pew Research Center က အချက်အလက်တွေအရ အရွယ်ရောက်ပြီးသူတွေထဲက လေးပုံတစ်ပုံနီးပါးဟာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံး အိမ်ထောင်မပြုဘဲ နေထိုင်နေကြရတယ်လို့ ဖော်ပြထားပါတယ် ဒီကိန်းဂဏန်းဟာ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ သိသိသာသာ မြင့်တက်လာခဲ့တာဖြစ်ပြီး အိမ်ထောင်ပြုခြင်းဟာ အဓိကလူမှုရေးမှတ်တိုင်တစ်ခုအဖြစ်ကနေ တဖြည်းဖြည်း လျော့ကျလာနေတယ်ဆိုတာကို ပြသနေပါတယ်
ဒီလိုဖြစ်လာရတဲ့ အကြောင်းရင်းတွေကတော့ လူမှုရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အချက်အလက်များစွာနဲ့ ဆက်စပ်နေပါတယ်
ဒီနေ့ခေတ်မှာ လူငယ်တွေဟာ အသက်ငယ်ငယ်လေးကတည်းက အိမ်ထောင်ပြုမယ့်အစား ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းကို ပိုပြီး အာရုံစိုက်လာကြပါတယ် ဘွဲ့ရဖို့၊ အလုပ်အကိုင်မှာ အောင်မြင်ဖို့နဲ့ စီးပွားရေးအရ တည်ငြိမ်ဖို့အတွက် အချိန်ပိုပေးလာကြပါတယ် ဒါ့အပြင် ပညာရေးမှာ ပိုမိုမြင့်မားတဲ့ အဆင့်ကို ရောက်ရှိလာတာကြောင့် အိမ်ထောင်ပြုခြင်းကို သူတို့ရဲ့ ဘဝပန်းတိုင်အဖြစ် သတ်မှတ်ခြင်းမရှိတော့ပါဘူး
ယခင်ခေတ်တွေက အိမ်ထောင်မပြုတာဟာ လူ့အဖွဲ့အစည်းကနေ ကန့်သတ်ခံရတာမျိုး ဒါမှမဟုတ် ထူးဆန်းတဲ့ကိစ္စတစ်ခုလို့ သတ်မှတ်ခဲ့ကြပါတယ် ဒါပေမဲ့ ယနေ့ခေတ်မှာတော့ တစ်ကိုယ်တည်းနေထိုင်ခြင်းဟာ ပုံမှန်ကိစ္စတစ်ခု ဖြစ်လာပါပြီ လူတွေဟာ လက်ထပ်ထိမ်းမြားခြင်းမရှိဘဲလည်း ပျော်ရွှင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်တယ်ဆိုတာကို ပိုမိုလက်ခံလာကြပါတယ်
အိမ်ထောင်ပြုခြင်းနဲ့ ကလေးယူခြင်းဟာ စရိတ်စကကြီးမြင့်လာတာကြောင့် စီးပွားရေးအရ မတည်ငြိမ်မှုတွေဟာလည်း လူတွေကို လက်ထပ်ဖို့ နောက်ဆုတ်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ် တချို့သူတွေဟာ အိမ်ထောင်ပြုပြီးနောက် ကြုံတွေ့ရနိုင်တဲ့ စီးပွားရေးဖိအားတွေကနေ ရှောင်ရှားလိုတဲ့အတွက် တစ်ကိုယ်တည်းနေထိုင်ဖို့ ရွေးချယ်လာကြပါတယ်
နောက်ပြီး ချိန်းတွေ့တဲ့အက်ပ်တွေနဲ့ ဆိုရှယ်မီဒီယာတွေ ပေါ်ပေါက်လာတာဟာ လူတွေကို လူမှုရေးအရ ပိုမိုလွတ်လပ်စေပြီး ရေရှည်ဆက်ဆံရေးတစ်ခုထဲမှာဘဲ ရှိနေဖို့ မလိုအပ်တော့ဘူးလို့ ခံစားလာစေနိုင်ပါတယ်
ဒီအချက်အလက်တွေဟာ လူ့အဖွဲ့အစည်းရဲ့ အမြင်နဲ့ တန်ဖိုးထားမှုတွေ ဘယ်လိုပြောင်းလဲလာတယ်ဆိုတာကို ဖော်ပြနေပြီး လက်ထပ်ခြင်းဟာ လူတိုင်းရဲ့ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်တော့ဘူးဆိုတာကိုပါပြသနေပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image