ရေရဲ့ Ph ကိုဘယ်လိုချိန်ညှိမလဲ????
ရေphက ၂မျိုးရှိပါတယ်
1.High Alkaline
2.High Acid
တို့ဖြစ်ပါတယ်
1.High Alkaline
Alkaline ဓာတ်များမယ်ဆိုရင်ဘယ်လိုဖြစ်မလဲဆိုတော့ ငါးတွေရဲ့ကျန်းမာရေးကိုအလွန်အမင်းကိုထိခိုက်စေပါတယ်
အထူးသဖြင့် ပါးဟက်တွေကို ထိခိုက်စေပြီး သေတဲ့အထိ
ဖြစ်စေပါတယ်
2.High Acid
Acid ဓာတ်များတဲ့အခါ ငါးရဲ့ခန္ဓာကိုယ်ကနေ အကျိအချွဲတွေများစွာထွက်စေပါတယ် Acid ဓာတ်များတဲ့အခါ ငါးကန်ထဲမှာ အဆိပ်အတောက်တွေပိုများစေပါတယ် အဲ့ဒီအဆိပ်အတောက်တွေက ငါးတွေကို ဘာရောဂါတွေဖြစ်စေလဲဆိုတော့ ငါးတွေအသက်ရှုရခက်ခြင်း
ငါးမျက်စိကိုရောဂါဖြစ်စေခြင်း hyperplasia လို့ခေါ်တဲ့ရောဂါဖြစ်စေခြင်းတို့ပဲဖြစ်ပါတယ် alkaline မြင့်ရင် ငါးသေနိုင်သကဲ့သို့ acid ဓာတ်မြင့်ရင်လဲငါးကို သေသည်အထိ ဖြစ်ပွားစေပါတယ်
အဲ့တော့ ရေတွေရဲ့ acid ဓာတ် alkaline ဓာတ် ကိုဘယ်လိုချိန်ညှိမလဲဆိုတော့
1.ဘယ်လို Alkaline ဓာတ် များစေမလဲ (Increase Ph)
အသုံးများတဲ့ နည်းကတော့ baking soda ကိုအသုံးပြုခြင်းပဲဖြစ်ပါတယ် baking soda one teaspoon ကို ရေ၅ဂါလံ ထည့်ခြင်းက စိတ်ချရတဲ့ ပမာဏပဲဖြစ်ပါတယ် ဒီနည်းက ငါးတွေကိုဆိုင်ကနေ ဝယ်လာတဲ့အခါ အိမ်ကရေနဲ့ ph မတူတဲ့အခါ အလွယ်တကူညှိလို့ရတဲ့နည်းပဲဖြစ်ပါတယ်
အရင်ဆုံး alkaline ဓာတ်မြှင့်မယ့် ငါးကန်ကနေ ငါးတွေကို အရင်ဖယ်ပေးရပါမယ် နောက် ရေရဲ့ဂါလံအချိုးအစားအလိုက် baking soda ကိုထည့်ပေးရပါမယ်
တစ်ခုသတိထားရမှာက ရေရဲ့ ph တိုးတာပဲဖြစ်ဖြစ် လျော့ချတာပဲဖြစ်ဖြစ် ချက်ခြင်းကြီး ပြောင်းလဲပေးလို့မရပါဘူး တဖြေးဖြေး နဲ့ပြောင်းပေးရပါမယ်
အပေါ်က ပြောသလို ရေ၅ဂါလံ baking soda oneteaspoon နှုန်းနဲ့ ပြောင်းလဲပေးလိုက်ပါ ဒီလိုတဖြေးဖြေးနဲ့ကျင့်ယူပေးခြင်းအားဖြင့် ငါးကရေကိုကြိုက်နှစ်သက်ပြီးပျော်လာပါလိမ့်မယ်
တခြားနည်းတွေကတော့
*ပင်လယ်ထဲက coral အကြေအမွတွေထည့်ပေးခြင်း
*(Dolomite) မဂ္ဂနီဆီယံကြွယ်တဲ့ထုံးကျောက်အပိုင်းအစထည့်ပေးခြင်း
တို့ပဲဖြစ်ပါတယ် ဒီနည်းတွေဟာ ph ပြောင်းဖို့ အချိန်အပိုင်းအခြား တစ်ခုတော့ကြာစေမှာဖြစ်ပါတယ်
2. ဘယ်လို Acid ဓာတ်တိုးစေမလဲ ( Lower Ph )
အများစုသုံးကြတာကတော့ သစ်ရွက်ဆွေးတွေကိုအသုံးပြုခြင်းဖြစ်ပါတယ် ဒီနည်းကတော့ ရှင်းပါတယ် သစ်ရွက်ဆွေးတွေကို ဇကာအိတ် ထဲထည့် ပြီးရင် ရေအမြဲစီးဆင်းနေတဲ့filter box ထဲထည့်ထားရုံပါပဲ
သစ်ရွက်ဆွေးတွေကတော့ ရေရဲ့ph ကိုတဖြေးဖြေးနဲ့ကျလာစေပါတယ် ဒါပေမဲ့ သစ်ရွက်ဆွေးတွေကတော့ ရေရဲ့အရောင်ကို ပြောင်းစေပါတယ် ဝါကျင့်ကျင့်အရောင် တွေဖြစ်စေပါတယ်ဒါပေမဲ့အချိန် နဲနဲကြာရင် အရောင်တွေပြန်ပျောက်သွားပါလိမ့်မယ် ဒါမှမဟုတ် activated carbonတွေကိုအသုံးပြုခြင်းအားဖြင့်လဲ ပျောက်စေပါတယ်
တခြား lower ph level ဖြစ်စေတဲ့နည်းတွေကတော့
*သစ်ဆွေးတုန်းများထည့်ခြင်း သစ်ဆွေးတွေက ရေph levelကိုနိမ့်စေပါတယ်
*ကန်ရေထဲCO2များများပေးခြင်း တို့ဖြစ်ပါတယ်
အဓိက ရေရဲ့ Ph level ကိုပြောင်းလဲပေးနိုင်တွှဲအရာတွေကတော့
*Ph level ဟာ ရေတစ်ခါလဲပြီးချိန်နဲ့မလဲရသေးတဲ့အချိန်မှာတောင်မတူညီနိုင်ပါဘူး ဒါကြောင့်အမြဲစစ်ဆေးပေးဖို့လိုအပ်ပါတယ်
*ကန်နေရာကျဉ်းခြင်းဟာ ph level ကျစေပါတယ်
*သစ်ဆွေတုန်းတွေကလဲ ph level ကျစေပါတယ်
*CO2များခြင်းကလဲ Ph level ကျစေပါတယ်
*Nitrates တွေများခြင်းကလဲ ph level ကျစေပါတယ်
*ငါးကန်ရေ ညစ်ပတ်ခြင်းနဲ့အညစ်အကြေးစွန့်ပစ်ပစ္စည်းများခြင်းကလဲ ph level ကျစေပါတယ်
*ရေသွက် ကတော့ ph level ကျစေပါတယ်
*ငါးကန်ထဲငါးတွေများနေခြင်းဟာလဲ ph level ကျစေပါတယ်
*coral အပိုင်းအစတွေကတော့ ph level တက်စေပါတယ်
*ရေစေးတွေက ph level တက်စေပါတယ်
*ရေသန့်သုံးခြင်းတွေကလဲ ph level တက်စေပါတယ်
ငါးကန်တစ်ကန်ရဲ့ရေ stable ဖြစ်ဖို့ဆိုတာအဓိကပါ stable ဖြစ်တဲ့ငါးကန်ထဲကငါးတွေဟာ အမြဲကျန်းမာသန်စွမ်းနေပါတယ် ငါးတွေဟာ သူတို့ကြိုက်နှစ်သက်တဲ့ ph အနည်းငယ်ကွာဟယုံနှင့်တော့ ကိစ္စမရှိပေမဲ့ အရမ်းကြီး ကွဲပြားနေမယ်ဆိုရင်တော့ stress ဝင်တာနဲ့ မတော်တဆ သေဆုံးမှုတွေအဓိဖြစ်စေနိုင်ပါတယ်
ငါးကန်ရေရဲ့ph အတက်အကျဟာ တစ်နေ့ထဲမှာတောင်မတူညီပါဘူး ဒါကြောင့် မနက်စောစောဒါမှမဟုတ် ညနေခင်းလောက်မှာတိုင်းတာအသင့်တော်ဆုံးပါ
Credit...#