5 ပတ် - ဘာသာပြန်ပါ။

အင်ဒိုနီးရှားအမဲသားချက် (Beef Rendang)
ပါဝင်ပစ္စည်းများ
• အမဲသား - ၅ဝဝ ဂရမ်
• ကြက်သွန်နီ - ၅၀ ဂရမ်
• ကြက်သွန်ဖြူ - ၃၀ ဂရမ်
• ချင်း - ၁၅ ဂရမ်
• ပတဲကော - ၁၅ ဂရမ်
• စပါးလင် - ၁၅ ဂရမ်
• မန်ကျည်းနှစ်အရည် - စားပွဲဇွန်း ၃ ဇွန်း
• ငရုတ်သီးအခြာက်တောင့် - ၁၅ တောင့်
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• သကြား - လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
• အုန်းနို့ - စားပွဲဇွန်း ၅ ဇွန်း
• ဆီ - စားပွဲဇွန်း ၃ ဇွန်း
• နာနတ်ပွင့် - ၃ ပွင့်
• သစ်ကြံပိုးခေါက် - ၁ ခု
• ဖာလာစေ့ - ၈ စေ့
• ရေ - ၃ဝဝ မီလီလီတာ
ပြုလုပ်နည်း
၁။ ငရုတ်သီးအခြောက်တောင့်ကို ရေနွေးဖြင့် ပြုတ်ပြီး ရေစစ်ထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပတဲကော၊ ချင်းတို့ကို အခွံနွှာပြီး ပါးပါးလေးတွေ လှီးထားပါ။ စပါးလင် ကိုလည်း ပါးပါးလှီးထားပါ။ ငရုတ်သီးအခြောက်တောင့်နှင့် ပါးပါးလှီးထားသော ပါဝင်ပစ္စည်းများကို ကြိတ်စက်ထဲ ထည့်ပြီး ကြေညက်အောင် ကြိတ်ထားပါ။
၂။ အိုးထဲ ဆီထည့်၍ ကြိတ်ထားသောအရာများကို ထည့်ပြီး ၂ မိနစ်ခန့် မွှေပါ။ အုန်းနို့ကို လောင်းထည့်၍ အမဲသားထည့်ပြီး သမအောင် မွှေပါ။ အမဲသားများဆီပြန်လာလျှင် ရေထည့်ပြီး မီးအေးအေးဖြင့် မိနစ် ၂၀ ခန့် ချက်ပါ။ အရသာအတွက် ဆား၊ သကြားနှင့် မန်ကျည်းနှစ်အရည်တို့ကို ထည့်ပါ။ ထည့်ထားသော အမဲသားများနူးပြီး ရေခန်းသွား လျှင် ပါးပါးလှီးထားသော ရှောက်ရွက်များကို ထည့်၍ ထမင်းနှင့် သုံးဆောင်နိုင်ပါပြီ။

image