ဒီနေ့ကျွနုပ်တို့တွေ အထင်မှားနေတဲ့အရာတစ်ခုကို တင်ပြပေးသွားမှာပါ......
ကျွန်ုပ်တ်ု့တွေဟာ ခွေးလေး/ကြောင်လေးတွေ ကိုယ်ပေါ်မှာ သန်း/မွှား တွေတွေ့မှ သန်း မွှားရှိတဲ့ကလေးမှ သန်းမွှားကာကွယ်ဆေးကို တိုက်ပေးရမယ်လ်ို့ တော်တော်များများအထင်မှားနေကြတာကိုတွေ့ရတာမို့ ဒီpostက်ို တင်ပေးရခြင်းဖြစ်ပါတယ်။
တကယ်တော့ ရောဂါဟာ "ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်" ဆိုတဲ့စကားအတိုင်း သန်းမွှားမရှိတဲ့ကလေးတွေ ရှိမလာရလေအောင် ကြိုတင်ကာကွယ်သည့်အနေနဲ့ သန်းမွှားကာကွယ်ဆေးကို တိုက်ပေးသွားရမှာဖြစ်ပါတယ်။
ရှိပီးသားကလေးတွေလည်း ထပ်ပီးမပွားများလာအောင် တိုက်ပေးရခြင်းဖြစ်ပါတယ်။
သန်းမွှားကိုက်ခံရခြင်းကြောင့် ချက်ချင်းမသေစေနိုင်ပေမယ့်လည်း ရောဂါဖြစ်လာစေနိုင်ပါတယ်။ ရောဂါပိုးဟာ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောဆဲလ်တွေ သွေးနီဥတွေကို တိုက်ဖျက်ပီး အချိန်ကြာလာသည်နှင့်အမျှ ရောဂါပိုးရှိကလေးဟာ သွေးအာနည်းလာပီး အသက်ဆုံးရှုံးနိုင်သည်အထိလည်း ဖြစ်စေနိုင်ပါတယ်။ဆိုတော့ သန်းမွှားကိုက်ခံရခြင်းကြောင့် ချက်ချင်းမသေစေနိုင်ပေမယ့်လည်း မသေစေနိုင်ဘူးလို့ ဆိုလိုခြင်းမဟုတ်ပါ...
.ဒါကြောင့်မို့ မိမိကလေးများ ကျန်မားရေးအတွက် ကာကွယ်ဆေးတွေထိုးပေးတာအပြင် သန်းမွှားကာကွယ်ဆေး(သန်းမွှားပိုးသတ်ဆေး)တွေကိုလည်း တစ်လတစ်ကြိမ် ပုံမှန်တိုက်ပေးသွားခြင်း တစ်လတစ်ကြိမ် ဂုတ်အစက်ချဆေးထည့်ပေးခြင်းတို့ဖြင့်လည်း ကာကွယ်ပေးဖို့လိုအပ်ပါတယ်။
သန်းမွှားကြောင့် ဖြစ်တဲ့ရောဂါအကြောင်းတွေကိုတော့ Pageမှာတင်ပြပေးထားပီးသားမို့ ဝင်ဖတ်နိုင်ပါတယ်နော်...