$ဆီချက်အမျိုးမျိုး ပြုလုပ်နည်း 😍
ခေါက်ဆွဲသုပ် အသုပ်စုံ ခေါက်ဆွဲ တိုဟူး​နွေး ဆန်တိုဖိုး အသုပ်တိုင်းမှာထည့်စားလို့ရ😊
🟨 ဆီဝါ / ဆီချက်အဝါ
​ညက်အောင်ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ နနွင်းကိုဆီသတ်ပြီး ကြက်သွန်ကြွပ်ပြီး​ မွှေးတဲ့အထိကြော်ပေးတာပါ ကြော်နေရင်း ကိုယ်လိုချင်တဲ့ အကြွပ်အနေအထား မရောက်တရောက်မှာ အိုးကို မီးဖိုပေါ်ကချပြီး ရှိနေတဲ့အပူချိန်နဲ့ပဲ ကြွပ်တဲ့အထိ ဆက်မွှေပေးရင် အရောင်မဲသွားတာ တူးတာမျိုး ဖြစ်ဖို့ ခဲယဥ်းပါတယ်
🟥 ဆီနီ / ဆီချက်အနီ
ညက်အောင်ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ နနွင်းအနည်းငယ်ကိုဆီသတ်ပါတယ် ကြက်သွန်ကြွပ်ကာနီးမှာ မီးဖိုပေါ်ကချပြီး ဆက်​​​မွှေပေးနေပါတယ်
မွှေပေးနေရင်း အိုးထဲက ဆီကို အပူချိန်လျော့သွားအောင်ခဏစောင့်ပါတယ် ပြီးမှ ငရုတ်သီးအရောင်တင်မှုန့်ထည့်မွှေပေးလိုက်ရင် ရပါပြီ
( ဆီချက်အရောင်လှဖို့က ငရုတ်သီးမတူးဖို့ လိုတာမို့
ဆီရဲ့အပူချိန်ကို ဂရုစိုက်ရပါတယ်)
နောက်တစ်ခုက...
အရောင်/ အစပ်အရသာ မပါတဲ့ ဆီချက်ချင်းအတူတူ
ဘာလို့ ကြက်သွန်ဖြူဆီချက် ၊ ကြက်သွန်နီဆီချက်
နှစ်မျိုးခွဲလုပ်ရလဲဆိုရင်...
တချို့အသုပ်တွေက ကြက်သွန်ဖြူဆီချက်နဲ့လိုက်ပြီး တချို့အသုပ်တွေက ( တိုဟူးသုပ် ၊ မြင်းခွာရွက်သုပ် ၊ ရှောက်သီးသုပ်.... စသဖြင့်) ကြက်သွန်နီဆီချက်နဲ့ သုပ်မှ လိုက်ဖက်ပါတယ်
🧅 ကြက်သွန်နီဆီချက်
ကြက်သွန်နီကို အခွံသင် အလုံးလိုက်ရေဆေးပြီး
အထူအပါးညီအောင်လှီး နာရီဝက်လောက် လေသလပ်ထားပါတယ်
ဆီများများကို မီးအပူချိန်အနေတော်နဲ့ ပူအောင်တည်ပြီး ဆီပူရင် နနွင်းအနည်းငယ် နဲ့ ကြက်သွန်တွေထည့်ကြောိပါတယ် အဆက်မပြတ်မွှေကြော်ပေးရပါတယ်
ကိုယ်လိုချင်တဲ့အကြွပ်အနေအထားရတဲ့အခါ ပန်းကန်ထဲဆယ်ထည့်ထားပါ
ဆီကိုလဲ သပ်သပ်အအေးခံထားပါတယ်
ကြက်သွန်ကြော် နဲ့ ဆီ နှစ်မျိုးလုံး လုံးဝအေးသွားမှ ဘူးထဲရောထည့် သိမ်းပါရှင်
အိမ်မှာတော့ ချက်ထားတဲ့ ဆီချက်တွေ လုံးဝအေးသွားတော့မှ ဘူးထဲပြောင်းထည့်ပြီး အဖုံးလုံအောင်ပိတ်
ထားပါတယ်
ဆီဂျီးနံ့ နံသွားတတ်တာကတော့....
လုပ်ထားတာ လိုတာထက် အချိန်ပိုကြာသွားလို့ပါ
အရာအားလုံးမှာ သက်တမ်းကုန်ဆုံးရက်ဆိုတာရှိပါတယ် ၂-၃ပတ်လောက်အတွင်းမှာ ကိုယ်စားလို့ ကုန်နိုင်သလောက်ကိုပဲ မှန်းဆပြီး လုပ်ပါရှင်
သုံးဖို့လိုလို့ ခပ်ယူတဲ့အခါလဲ သန့်ရှင်းခြောက်သွေ့တဲ့
ဇွန်းနဲ့ပဲ ခပ်ယူရပါမယ်နော်
ဒါဆိုရင်တော့... အနံ့အရသာမပြောင်း တစ်လနီးပါး ထားလို့ရပါတယ်။ အဆင်ပြေကြပါစေနော် ...
#credit

image