5 ပတ် - ဘာသာပြန်ပါ။

စတီရီယိုခေတ်ဦး တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်
ဧရာဝတီ၊ စက်တင်ဘာ ၂၅၊ ၂၀၂၅
စတီရီယိုခေတ်တွင် ထင်ရှားသည့်အဆိုတော်တဦးဖြစ်သော တေးသံရှင် ဗစ်တာခင်ညို (အသက် ၈၀) သည် ယနေ့နံနက် အစောပိုင်း၌ ကွယ်လွန်သွားကြောင်း ညီဖြစ်သူ အဆိုတော် တူးတူးက အသိပေးထားသည်။
တေးသံရှင် ဗစ်တာခင်ညိုသည် တေးရေး ချိုချို၊ အဆိုတော်တူးတူးတို့၏ အစ်ကိုလည်း ဖြစ်သည်။
၎င်း၏သီချင်းအများစုကို ညီဖြစ်သူ တေးရေးချိုချိုက ရေးသားပေးခဲ့ပြီး တကိုယ်တော် တေးစီးရီးများဖြစ်သော အကောင်းတကာ့ အကောင်းဆုံးတေးများ၊ ဒီဇင်ဘာ နံနက်ခင်း၊ အမြူတေတေးစု ၁၊ လမ်းမှာ လူမတင်နဲ့၊ ရန်ကုန်သူ၊ ထပ်ခေါ်မယ်လိုက်ခဲ့တော့ အစရှိတို့အပြင် စုံတွဲတေးစီးရီး၊ တေးသံရှင်စုံဖြင့် သီဆိုထားသော တေးစီးရီးများလည်း ထုတ်ဝေခဲ့သည်။
အောင်မြင်ကျော်ကြားသည့် တေးစီးရီးများစွာထုတ်ခဲ့သလို သူသီဆိုခဲ့သည့် နွေ၊ မြခွာညို၊ အလွမ်းသီချင်း၊ နွေသာဆိုရင်မှာပြာ၊ ကျူရှင်လှေကားရင်း စသည့် သီချင်းများမှာ လက်ရှိအချိန်ထိ ရေပန်းစားသည်။
၂၀၁၄ ခုနှစ်တွင် ဗစ်တာခင်ညို၏ တေးဂီတသက်တမ်း ၄၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တေးသံရှင်များစွာ ပါဝင်သော ဖျော်ဖြေပွဲကို ကျင်းပခဲ့သည်။
ဗစ်တာခင်ညို၏ အနုပညာအစသည် မြန်မာ့အသံမှ ထင်ရှားသည့် အစီအစဉ်တခုဖြစ်သည့် Local Talents အစီအစဉ်မှ စတင်ခဲ့ကာ ဘိုဘိုဟန်၊ နွဲ့ယဉ်ဝင်း၊ တင်မိုးခိုင် အစရှိသူတို့နှင့်အတူ ပါဝင်ခဲ့သည်။
စတီရီယိုခေတ်မတိုင်မီ တေးဂီတ Band များဖြစ်သည့် Shades အဖွဲ့တွင်လည်း ပါဝင်ခဲ့သလို နောက်ပိုင်း မြန်မာပြည်သိန်းတန်က L.P.J တီးဝိုင်း တည်ထောင်စဉ် ဗစ်တာခင်ညိုလည်း ပါဝင်ခဲ့သည်။
Credit

image