တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” ကြောင့် မြန်မာနိုင်ငံအတွင်း မြစ်ရေမြင့်တတ်မှုကြောင့် မြို့နယ် (၃) မြို့ ရေကြီးနိုင်ကြောင်း သတိပေး
စက်တင်ဘာ ၂၅
တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” ကြောင့် မြန်မာနိုင်ငံအတွင်း မြစ်ရေမြင့်တတ်မှုကြောင့် မြို့နယ် (၃) မြို့ ရေကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနမှ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
ယနေ့ စက်တင်ဘာလ ၂၅ ရက် နံနက်ခင်းတိုင်းတာချက်များအရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေအမှတ် (၂) လက်မခန့်ရောက်ရှိနေသောကြောင့် စိုးရိမ်ရေအမှတ်အထက်သို့ ရောက်ရှိနေကြောင်း သိရသည်။
အလားတူ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေအမှတ် (၁) ပေခွဲခန့်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက် (၁) ရက် အတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း ရေကြီးခြင်းသတိပေးချက်တွင် ဖော်ပြပါရှိသည်။
ထို့ပြင် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့ စိုးရိမ်ရေအမှတ် (၁) ပေခွဲကျော် ရောက်ရှိနေပြီး နောက် (၁) ရက်အတွင်း ထိုမြို့သည့် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနေကြောင်း သိရသည်။
ထို့နောက် စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၏ စိုးရိမ်ရေအမှတ်အား ရောက်ရှိနေပြီး နောက်(၁) ရက်အတွင်း ပေဝက်ခန့်မြင့်တတ်လာနိုင်ပြီး ထိုမြို့၏ စိုးရိမ်ရေအမှတ်ထက်၌ ဆက်လက်တည်ရှိနေကြောင်း သိရသည်။
တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” ကြောင့်ပဲခူးမြို့နယ်၊ မဒေါက်မြို့နယ်၊ ဘီးလင်းမြို့နယ်၊နှင့်တောင်ငူမြို့နယ်အ တွင်းရှိ မြစ်ကမ်းလေးအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုရန်နှင့်မြစ် ရေမြင့်တတ်ပါက အချိန်မီရှောင်ရှားရန် ရေဘေးလွတ်နေရာသို့ ရှောင်ရှားရန် အသိပေးထားသည်။
#democracynowmm




