ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များ အရေးပေါ်ရပ်တန့်သွားသဖြင့် ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု ၄၀၀ မဂ္ဂါဝပ်ခန့် လျော့နည်းနေ၍ နေရာအချို့ ယာယီဓာတ်အားပြတ်တောက်မည်
စက်တင်ဘာ ၂၅
ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များ အရေးပေါ်ရပ်တန့်သွားသဖြင့် ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု ၄၀၀ မဂ္ဂါဝပ်ခန့် လျော့နည်းနေ၍ နေရာအချို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ယခု ကြေညာသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များ ယနေ့ စက်တင်ဘာ ၂၅ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်တွင် အရေးပေါ်ရပ်တန့်မှု ဖြစ်ပေါ်သွားသဖြင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု ၄၀၀ မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိသည်။
သို့ဖြစ်ပါ၍ အဆိုပါအရေးပေါ် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်မှု လျော့နည်းလျက်ရှိကြောင်းနှင့် လျော့နည်းသွားသော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများအတွက် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ အချိန်ပိုင်းဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရမည်ဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့်မြို့နယ်၊ နေရာအချို့တို့ တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ကြောင်းနှင့် အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက မိဘပြည်သူများထံ လေးစားစွာ အသိပေးပန်ကြားထားသည်။
Credit - Myanmar Transparency News Agency
#centralnewsnaypyitaw