5 ပတ် - ဘာသာပြန်ပါ။

လီဗာပူးအတွက် ပထမဆုံးကစားတဲ့ပွဲတွင် အရွတ်ဒဏ်ရာရရှိပြီးနောက် လအတန်ကြာ အနားယူရတော့မဲ့ လီယွန်နီ

စက်တင်ဘာ ၂၅

လီဗာပူးနောက်ခံလူဂျီယိုဗန်နီလီယွန်နီဟာ လီဗာပူးအတွက် ပထမဆုံးကစားတဲ့ပွဲမှာပင် ဒူးအရွတ်ဒဏ်ရာရရှိခဲ့ရတယ်လို့ ယူဆရကာ လအတန်ကြာ အနားယူလာရတော့မှာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်ရှိ လီယွန်နီဟာ အင်္ဂါနေ့ညတုန်းက ဆောက်သမ်တန်ကို ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် လီဗာပူးအတွက် ပထမဆုံးပွဲကစားခဲ့ပြီး ၈၁ မိနစ်ကစားခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ ဒူးအရွတ်ဒဏ်ရာရရှိပြီးနောက် လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရပါတယ်။

လီဗာပူးသတင်းအမြစ်အရ ဗဟိုနောက်ခံလူဟာ ဒူးအရွတ်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး လအတန်ကြာ အနားယူရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမဲ့ သူဟာ တရာသီလုံးတော့ အနားယူရမှာ မဟုတ်ဘဲ ရာသီမသိမ်းမီ ပြန်လည် ကစားလာနိုင်ဖို့ ရှိနေပါတယ်။

လီယွန်နီ ဒဏ်ရာရရှိသွားမှုနှင့်အတူ အန်းဆလော့အတွက် ဗဟိုခံစစ်တွင် အသုံးပြုရန် ဗာဂယ်ဗန်ဒိုက်၊ အီဘရာဟမ်ကိုနာတေး၊ ဂျိုးဂိုမက်ဇ်တို့ကိုသာ ပိုင်ဆိုင်လာပါတယ်။

လီဗာပူးဟာ လီယွန်နီ ဒဏ်ရာရရှိသွားမှုနှင့်အတူ ဖီဒီရီကိုချီယေးဆာအား ချန်ပီယံလိဂ်လူစာရင်းထဲတွင် ထည့်သွင်းလာနိုင်ပါတယ်။

လီဗာပူးဟာ ယခုရာသီ ပရီးမီးယားလိဂ် ၅ ပွဲလုံး အနိုင်ရရှိထားပါတယ်။

#ဘောလုံးသတင်းစုံ

image