စူပါတိုင်ဖွန်းမုန်တိုင်းကြောင့် ထိုင်ဝမ်မှာ ၁၄ ယောက်သေပြီး ဟောင်ကောင်မှာ ၁၀၀ ကျော်ဒဏ်ရာရ

ဟောင်ကောင်၊ စက်တင်ဘာ ၂၅

တိုင်ဖွန်း ရာဂါဆာ တိုက်ခတ်မှုကြောင့် ထိုင်ဝမ်မှာ လူ ၁၄ ယောက်သေဆုံးခဲ့တယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောပါတယ်။

အင်အားပြင်တိုင်ဖွန်းမုန်တိုင်းဟာ ထိုင်ဝမ် အရှေ့ပိုင်း ဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဟူလီယန် ခရိုင်အရှေ့ဘက်ရှိ ရေကာတာတခု ရေလျှံခဲ့ပြီး သေဆုံးသူ ၁၇ ယောက်ထိ ရှိနိုင်တယ်လို့ မီးသတ်ဌာနက ဆိုပါတယ်။

မုန်တိုင်းတိုက်ခတ်ပြီးနောက် လမ်းတွေနဲ့ အဆောက်အဦတွေရှိ ရွှံ့တွေဖယ်ရှားခြင်းအပါအဝင် ရေပြန်ကျတဲ့နေရာတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စတင်နေပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။

ဟောင်ကောင်မှတော့ ဒီကနေ့ လေကြောင်းခရီးစဉ်တွေ ပြန်လည်စတင်နေပြီး စီးပွားရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနဲ့ စာသင်ကျောင်းအချို့ကို ပြန်လည်ဖွင့်လှစ်ခဲ့နေပြီဖြစ်ပါတယ်။

မုန်တိုင်း ရာဂါဆာဟာ အင်္ဂါနေ့မွန်းလွဲပိုင်းကစပြီး ဖိလစ်ပိုင်မြောက်ပိုင်းနဲ့ ထိုင်ဝမ်တို့ကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် တရုတ်တောင်ပိုင်း ယန်ကျန်းမြို့ ကုန်းတွင်းပိုင်းကို မဝင်ရောက်မီ ဟောင်ကောင်ကို တိုက်ခတ်ခဲ့ပါတယ်။

လက်ရှိမှာတော့ မုန်တိုင်းသတိပေးချက် အဆင့် ၃ ဆက်လက်ထားရှိပြီး အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားပြီလို့ ဟောင်ကောင်မိုးလေဝသဌာနက ပြောပါတယ်။ ဟောင်ကောင်အရှေ့ဘက်နဲ့ တောင်ပိုင်းကမ်းရိုးတန်းဒေသတွေမှာတော့ မုန်တိုင်းကြောင့် လှိုင်းကြီးမှုတွေဖြစ်ပွားခဲ့ပြီး နေအိမ်အချို့လည်း ရေနစ်မြုပ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဒီမနက် ၆ နာရီကစပြီး လေကြောင်းပျံသန်းမှုတွေကို တဖြည်းဖြည်း ပြန်လည်စတင်နေပြီး မနက်ဖြန် ညထိ လေယာဉ်ခရီးစဉ် ၁၀၀၀ ကျော်ပျံသန်းဖို့ စီစဉ်ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဟောင်ကောင်ဟာ နှစ်စဉ်နှစ်တိုင်း အင်းအားပြင်းမုန်တိုင်း တိုက်ခတ်မှုတွေနဲ့ ကြုံတွေရလေ့ရှိပါတယ်။ ၂၀၂၃ ခုနှစ်ကလည်း စူပါတိုင်ဖွန်းမုန်တိုင်း ဆာအိုလာဟာ တနာရီလေတိုက်နှုန်း ၂၁၀ နဲ့တိုက်ခတ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်းမုန်တိုင်း မန်ကွတ်ကြောင့် လူ ၂၀၀ ကျော်ဒဏ်ရာရခဲ့ပြီး သင်္ဘောတွေ နစ်မြုပ်၊ အခြေခံအဆောက်အအုံတွေ ပျက်စီးကာ စီးပွားရေး ပျက်စီးမှု ဒေါ်လာ ၅၉၂ သန်းထိ ရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ တိုင်ဖွန်း ဟာတိုကြောင့် ဟောင်ကောင်မှာ ဆိုးရွားတဲ့ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ပြီး လူ ၁၀၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ ဟောင်ကောင်မှာ ၁၉၆၂ ခုနှစ်နောက်ပိုင်း အဆင့် ၁၀ မုန်းတိုင်း လေးကြိမ်ထက်မနည်း တိုက်ခတ်ခဲ့ပါတယ်။

Ref:CNA

Photo:Reuters

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image