5 ပတ် - ဘာသာပြန်ပါ။

ဒီဆိုရိုးစကားလေးကို တော်တော်များကကြားဖူးကြ
မှာပါ။စိုက်ပျိုးရေးသမားတွေအတွက် သတိပေးထားတဲ့ ဆိုးရိုးစကားလေးလို့ပြောလို့လဲ ရပါတယ်။
စိုက်ပျိုးသူအများစုဟာ သီးနှံပင်တွေ စိုက်ပျိုးထုတ်လုပ်ရာမှာ မျက်စေ့နဲ့မြင်ရတဲ့ မြေပေါ်ပိုင်းအင်္ဂါတွေ ကြီးထွားဖွံ့ဖြိုးမှုကိုပဲ ကြည့့်ကြတယ်။စိတ်ဝင်စားကြ
ပါတယ်။
တကယ်တော့မြေပေါ်ပိုင်းအင်္ဂါအစိတ်အပိုင်းအားလုံး
ကို အဓိကထောက်ပံ့ပေးနေရတာက အမြစ်တွေပါ။အမြစ်
တွေ ကောင်းစွာဖွံ့ဖြိုးအောင် ရေနဲ့ လိုအပ်တဲ့အစာကို သင့်လျော်အောင် ထောက်ပံ့ပေးနိင်ရင် လိုချင်တဲ့အထွက်နှုန်း ရလဒ်ကောင်းတွေ ရရှိနိင်ပါတယ်။
(1)အမြစ်သည်မှောင်သော၊အလင်းရောင်နဲ့ဝေးတဲ့အရပ်
သို့သွားသည်။
(2)ရေရှိရာ၊အစာရှိရာအရပ်သို့သွားသည်။
(3)အမြစ်များသည် ၎င်းတို့ရှင်သန်ကြီးထွားဖို့နဲ့ လုပ်ငန်းတာဝန်များဆောင်ရွက်နိင်ရန် "လေ"လိုအပ်သည်။
(4)အမြစ်များသည် သက်မဲ့နေရာမျိုးထက် အဏုဇီဝရုပ်များရှင်သန်ရာမြေဆီလွှာအတွင်း၌သာ ရှင်သန်ဖွံ့ဖြိုးပြီး
လုပ်ငန်းတာဝန်များကို မူမှန်စွာထမ်းဆောင်နိင်သည်။
(ထို့ကြောင့် အဏုဇီဝရုပ်များရှင်သန်နိင်ဖို့ မြေကြီးထဲမှာ အော်ဂဲနစ်ပစ္စည်းများရှိဖို့ လို့အပ်သည်။သစ်ဆွေးမြေ
သို့မဟုတ်မြေဆွေးများ အသုံးပြုဖို့ လိုအပ်သည်)
(5)ဟင်းသီးဟင်းရွက်နဲ့ ရာသီပင်များစ်ိုက်ပျိုးရာတွင် အပင်များငယ်စဉ်ဘဝမှာ အမြစ်များကြီးထွားဖွံ့ဖြိုးဖို့
(ပန်းပွင့်ဖို့မဟုတ်)ဖော့စ်ပရပ် ခေါ် မီးစုန်းဓာတ်ကျွေးဖို့
လိုအပ်သည်။
(6)အမြစ်များ၏အလျားတလျှောက်လုံးရှိ မျက်နှာပြင်အားလုံးမှ အစာနဲ့ရေကို မစုပ်ယူနိင်ပါ။အမြစ်ထိပ်နောက်
နားကပ်လျက်ရှိသော မြစ်မွေးထွက်တဲ့နေရာမှ အစာနဲ့
ရေကို အဓိကစုပ်ယူပါတယ်။
(7)မြေမျက်နှာပြင်ကို ဆွပေးခြင်း၊သစ်ဆွေးမြေများ၊
သဘာဝမြေသြဇာများပုံပေးခြင်း၊ အမှောင်ရရန်မြေဖုံး
{Mulch}ပြုလုပ်ပေးပါက အမြစ်များ မြေမျက်နှာပြင်ပေါ်သို့ဦးတည် ထောင်တက်လာသည်။ထိုနေရာများတွင် အပင်ကို ထိရောက်စွာအစာကျွေးနိင်သည်။
အမြစ်နှင့်တကွ အခြားမည်သည့်အင်္ဂါမှမရှိသေးတဲ့
ဘုံနိမ့်ငယ်အပင်များသာ အဟာရများကို ခန္ဓာကိုယ်နဲ့ ဆဲလ်မျက်နှာပြင်တခုလုံးမှရယူကြပါတယ်။
အမြစ်များအကြောင်းသိရှိခြင်းမှသာမိမိစိုက်ပျိုးထားတဲ့ အပင်များကို အစာနဲ့ရေထိရောက်စွာ ထောက်ပံ့ပေးနိင်ပါလိမ့်မယ်
(ဦးဖရက်သိန်းဖေ ရေးတဲ့ ရုက္ခဗေဒကပြောတဲ့အမြစ်တို့အကြောင်း မှကောက်နှုတ်မျှဝေပေးလိုက်ပါတယ်)။

image