5 ပတ် - ဘာသာပြန်ပါ။

လတ်တလော နာမည်ကြီးနေတဲ့ ကြက်ကြောလုံးပေါင်းနဲ့ တွဲဖက်စားသုံးရတဲ့ အချဉ်ရည် ပြုလုပ်နည်း (တနိုင်တပိုင် စီးပွားရေးလည်း လုပ်လို့ ရပါတယ်)
ပါဝင်ပစ္စည်းများ၊ ကြက်သား - အစိတ်သား၊ မုန့်ဖု-တ်ပေါင်ဒါ - လက်ဖက်ရည်ဇွန်း တဇွန်း၊ သကြား - လက်က်ရည်ဇွန်း ၅ ဇွန်း၊ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ၊ ငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ၊ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ၊ ရေသန့်ရေခဲ - ၁၀ တုံး၊ ပီလောပီနံကော်မှုန့် - လက်ဖက်ရည်ဇွန်း ၇ ဇွန်း၊ ကြက်သွန်ဖြူ - ၅ ကျပ်သား၊
ပါဝင်ပစ္စည်းများ အားလုံးရောပြီး အသားကြိတ်စက်နဲ့ ကြိတ်ပေးပါ။ ပြီးရင် ရေကို အရမ်း မဆူပွက်စေဘဲ မီးနည်းနည်းထားပြီး လိုချင်တဲ့အရွယ်ဆိုဒ်လေး လက်နဲ့ညှစ်ပြီး ထည့်ပြုတ်ပါ။ ဒါဆိုရင်ကြက်ကြောလုံးလေးရပါပြီ။ ရေစစ်ပြီး ရေငွေ့နဲ့ပြန်ပေါင်းပေးပါ။ ပူပူလေးနဲ့ အလွန်စားကောင်းပါတယ်။
ကြက်ကြောလုံးပေါင်းနဲ့ တွဲစားရမယ့် အချဉ်ရည် လုပ်နည်းကို ဖော်ပြလိုက်ပါတယ်။ အခုအချဉ်ကတော့ ထိုင်းမှာ အသားလုံးတွေနဲ့ တွဲစားလေ့ရှိတဲ့အချဉ်မျိုးပါ။
ကြက်သွန်နီ ၁၅ ကျပ်သား၊ ကြက်သွန်ဖြူ ၁၀ သား ကို အလုံးလိုက် ဆီနည်းနည်းနဲ့ကြော်ပါ။ အနံ့မွှေးလာရင်ဆယ်ထား။
ငရုတ်သီးခြောက်(အရှည်) ၅ ကျပ်သား၊ ငရုတ်သီးခြောက်(အပွ) ၅ ကျပ်သားကို ဆီနည်းနည်းနဲ့ မွှေးအောင်ကြော်ပြီး ဆယ်ထားပါ။ ကြော်ထားတာတွေ အားလုံးရယ် ကြက်သွန်ဖြူအချဉ်စိမ် ၅ ကျပ်သားရယ်ကို ရောကြိတ်ပါ။
ရေ ၆၀၀ မီလီလီတာကို ဆူအောင်တည်ပါ။ ကြိတ်ထားတာတွေထည့်ပါ။ မန်ကျည်းအနှစ် ၂၀ ကျပ်သားကို အနှစ်တိုက်ထည့်ပြီး ကြက်သွန်ဖြူ အချဉ်စိမ်အရည် ၁၀၀ မီလီမီတာ၊ သကြား ၄၀ ကျပ်သား၊
ဆား ထမင်းစားဇွန်း ၂ ဇွန်း ထည့်ပြီး မီးအေးအေးနဲ့တည်ပါ။
အနည်းငယ်ပျစ်လာရင် အရသာမြည်းကြည့်ပြီး အချို/အချဉ် လိုရင်ထည့်ပါ။ ပြောင်းကော်မှုန့် ၂ ဇွန်းခွဲကို ရေဖျော်ပြီးထည့် ပျစ်လာရင်ချပြီး အအေးခံထားရင် ရပြီ။ အချဉ်ထဲကို ငရုတ်သီးအတောင့်ကြော်၊ နံနံပင်၊ ကြက်သွန်ဖြူအချဉ်စိမ်အဖတ်တွေ ထပ်ထည့်လို့ရတယ်။

imageimage