10 w - Translate

မင်းဘူးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံနေ
မကွေးတိုင်း၊ မင်းဘူးမြို့နယ်တွင် စက်တင်ဘာ ၂၄ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များအတွင်းနှင့် လမ်းများပေါ်၌ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း မီးသ-တ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။
ထိုသို့ လမ်းများပေါ်သို့ရေကျော်လျက်ရှိရာတွင် ယနေ့ စက်တင်ဘာ ၂၅ ရက်နံနက် ၈ နာရီခန့်က မင်းဘူး-စကုကားလမ်းပေါ်တွင် ရေကျော်ပြီးလမ်းပိ-တ်နေသဖြင့် စကုနယ်မြေမီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ခရီးသွားများသွားလာရလွယ်ကူစေရန်အတွက် ကူညီပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ စက်တင်ဘာ ၂၄ ရက်ည ၁၀ နာရီခန့်ကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆားပွက်ချောင်းရေလျှံကာ ကျောက်တန်းကျေးရွာအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့သဖြင့် မင်းဘူးခရိုင်/မြို့နယ်မီးသ-တ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ရေဘေးသင့်သူများအား ရေဘေးလွတ်ကင်းရာသို့ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

image
image
image
image