မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မဲဆောက် အာရှလမ်းမပေါ် မြေပြို
ဧရာဝတီ၊ စက်တင်ဘာ ၂၅၊ ၂၀၂၅
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘန်ဟွေဟင်ဖန်ကျေးရွာ အမှတ် ၆ အာရှလမ်းမကြီးပေါ် ယနေ့ နံနက်ပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ပြီး မဲဆောက်မြို့တာဝန်ရှိသူများမှ စက်ယန္တရားများဖြင့် ပြုပြင် ရှင်းလင်းနေကြောင်း ထိုင်းသတင်း AEC တွင် ဖော်ပြထားသည်။
အာရှလမ်းမကြီး A.1 ၊ Noen Phisuang အပိုင်းတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လမ်းပိတ်သွားသဖြင့် ယာဉ်များဖြတ်သန်း၍မရဖြစ်နေကာ ယင်းလမ်းကို အသုံးပြုသူများအနေဖြင့် သတိပြုကြရန်လည်း အသိပေးထားသည်။
ယမန်နေ့ နံနက်ပိုင်းကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဒူဆစ်မြို့နယ်ရှိVajira ဆေးရုံနှင့် Samsen ရဲစခန်းရှေ့လမ်းပိုင်းမှာမြေပြိုမှု ဖြစ်ပွားခဲ့သောကြောင့် ၁၆၄ ပေ (မီတာ ၅၀) အနက်ရှိ တွင်းကြီးဖြစ်ပေါ်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။