ပျော်ဖို့ထက် ဘဝကို အဓိပ္ပာယ်ရှိရှိနေဖို့က ပိုအရေးကြီးပါတယ် ။ အဓိပ္ပာယ်ရှိရှိ နေနိုင်တဲ့သူဟာ ဘဝကို ကျေနပ်မှုပိုရပါတယ် ။ ကျေနပ်မှုဟာ လေးနက်တဲ့ ပျော်ရွှင်မှုတစ်မျိုးပါပဲ ။ ပျော်ဖို့သက်သက်ကို ဦးစားပေးတဲ့သူမှာ လေးနက်မှုမရှိဘူး ။ မကြာခင် စိတ်ဆင်းရဲမှုနဲ့ ကြုံရမယ် ။
ပျော်တာကို အဓိကကျတဲ့ အလုပ်ကြီးတစ်ခုအနေနဲ့ မလုပ်သင့်ဘူး ။ ပျော်ဖို့ တမင်တကာ ကြိုးစားလေလေ ပျော်ဖို့ မလွယ်လေလေ ပါပဲ ။ ပျော်ဖို့ ဦးစားပေးကြတဲ့သူတွေ ဘဝဇာတ်သိမ်း မကောင်းတာ တွေ့ရတယ် ။
အဓိပ္ပာယ်ရှိရှိနေချင်ရင် အမြဲတမ်း သတိနဲ့နေပါ ။ သတိနဲ့ နေတဲ့သူ ၊ သတိနဲ့ လုပ်တဲ့သူ ၊ သတိနဲ့ ပြောတဲ့သူ အတွက် အရာရာတိုင်းဟာ အဓိပ္ပာယ်ရှိပါတယ် ။
#ဆရာတော်ဦးဇောတိက