10 w - Translate

AI Chips တွေနဲ့ ပတ်သတ်ရင် Nvidia ကတော့ မသိသူမရှိသလောက်ပါပဲ AI ခေတ်နဲ့အတူ Nvidia က ကမ္ဘာ့ တန်ဖိုးအကြီးဆုံး Company တွေထဲက တစ်ခုဖြစ်လာခဲ့တာပါ
HUAWEI ဘက်မှာကလည်း 2019 ပြသနာတွေပြီးထဲက Chipset ပိုင်းမှာ တိုင်လည်နေခဲ့တယ် ပြောရင် မမှားပါဘူး
အခု 2025 မှာတော့ သူတို့ရဲ့ Chipset ပြသနာတွေကို ဖြေရှင်းနိုင်ဖို့ လမ်းစတွေ့တဲ့အကြောင်း သတင်းထွက်လာပါတယ်
HUAWEI Connect 2025 မှာ AI Chipset တွေအတွက် လမ်းကြောင်းကို ချပြခဲ့ပါတယ်
2026 နှစ်စကနေစပြီး Ascend AI chip ပထမဆုံး စတင်ထုတ်လုပ်မယ်ပြောတယ် သုံးနှစ်အတွင်းမှာ 950PR, 950DT, 960, 970. 950PR ကို ချပြမယ်
Road Map ကတော့
> 2026 ခုနှစ်က စပြီး Ascend 950 series ထုတ်လုပ်
မယ်
> 2027 မှာ Ascend 960, 2028 မှာ Ascend 970 တို့ထွက်မယ်
> ထပ်ပြောသွားတာက နှစ်တိုင်း Compute Power ကို နှစ်ဆ တင်သွားမယ်လို့ ဆိုပါတယ်
နောက်တစ်ခုကတော့ SuperNode + SuperCluster designs ကိုချပြခဲ့ပါတယ်
သူတို့ပြောသွားတဲ့အထဲမှာဆိုရင်
> Atlas 950 Supernode က Ascend chips 8,192 ခု ထောက်ပံ့နိုင်မယ်
> Atlas 950 SuperCluster က Ascend chip 500,000 ကျော် အသုံးပြုမယ်
> 2027 ရောက်ရင်ထုတ်မယ့် Atlas 960 မှာ node တစ်ခုလျှင် 15,488 chip ထောက်ပံ့နိုင်မယ်။
> အဆင့်မြင့်ဆုံး cluster စနစ်မှာ 1 million chip ကျော်ကို ချိတ်ဆက်အသုံးပြုနိုင်မယ်လို့ Huawei က ပြောထားပါသေးတယ်
Huawei ဘက်က ထပ်ပြောသွားသေးတာက သူတို့ ရဲ့Atlas 950 က အသစ်ထွက်မယ့် Nvidia NVL144 စနစ်ထက် 6.7x ပိုပြီးစွမ်းတယ် ဆိုထားပါတယ်
ဒီလိုတွေပြောလာလို့ HUAWEI အနေနဲ့ AI ပိုင်းမှာ ဘာတွေလုပ်နေလဲဆိုရင် DeepSeek အတွက် သူတို့ရဲ့ Ascend Chip တွေကို သုံးပေးနေတယ်လို့ တွေ့ထားရတယ် နောက်ထပ် Zai ကလည်း HUAWEI ရဲ့ Ascend Chip တွေကို Nvidia အစား သုံးနေတာကိုတွေ့ရပါတယ်
ပြောရရင် HUAWEI က local မှာပဲအရင်ဆုံး သုံးမယ့်သူရှာမယ် Nvidia ရဲ့ စျေးကွက်တွေကို ဝင်ယူမယ့်ပုံပါပဲ
HUAWEI ဘက်က ပြောသွားတာတွေ ဟုတ်၊မဟုတ် ကတော့ Roadmap အတိုင်းဆိုရင် 2026 ကနေစပြီး မြင်တွေ့လာရတော့မှာပါ AI ပြိုင်ပွဲကတော့ စိတ်ဝင်စားဖို့ကောင်းနေပါပြီ
Ref : HUAWEI Central , CNBC, CNA

image