ဆေးဖက်ဝင်ပြီး ပဲခါးသီးလို့လည်းခေါ်တဲ့ မျောက်ငိုသီးစိုက်ပျိုးနည်း
လေး ပြောပြပေးပါမယ်ရှင့်။ မျောက်ငိုသီးပင်ကို မျိုးစေ့နဲ့ ပျိုးထောင်
စိုက်ပျိုးကြသလို ကိုင်းဆက် ကိုင်းဖြတ်နည်းနဲ့လည်း စိုက်ပျိုးကြပါ
တယ်ရှင်။
🌳🌳🌳 မျောက်ငိုသီးပင် စိုက်ပျိုးနည်း 🌳🌳🌳
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
✓✓ မျောက်ငိုသီးပင်ဟာ သစ်မာ နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး အပင်တစ်ပင်ကို ပေ(၅၀)ကနေ ပေ(၁၀၀)အထိ အမြင့်ရှိနိုင်ပါတယ်
ရှင်။
✓✓ အပူအအေး သမ မျှတတဲ့ ရာသီဥတုကိုကြိုက်နှစ်သက်ပြီးတော့ ရေစီးရေလာကောင်းတဲ့ နုန်းမြေ ၊ ရွှံှနုန်းမြေတွေမှာ ကောင်းစွာဖြစ်
ထွန်းနိုင်ပါတယ်ရှင်။
✓✓ စိုက်ပျိုးတဲ့အခါ မျိုးစေ့ကို နွားချေးဆွေး ၊ ဖွဲပြာ ၊ မြေကြီးတို့ကို ဆတူရောထားသော မြေသြဇာကောင်းစွာထည့်ထားတဲ့ ပျိုးအိတ်တွေ
ထဲမှာ စိုက်ပျိုးနိုင်ပါတယ်ရှင်။
✓✓ အပင်ငယ်စဥ်မှာ ၆လတစ်ကြိမ် (၁၅)ပတ်လည်အားဆေးကို
ကျွေးနိုင်ပြီး ပန်းပွင့်ပြီးအသီးသီးချိန်မှာတော့ (NPK 12:24:12)
ကို ၆လတစ်ကြမ်းကျွေးနိုင်ပါတယ်။
✓✓ တစ်နှစ်ကိုအနည်းဆံုးတစ်ကြိမ် ပေါင်းရှင်းခြင်းကိုလုပ်ဆောင်
ပေးပြီး အသီးကိုင်းများစေရန် အပင်ငယ်စဥ်ကတည်းက ခေါင်နှိမ်ပြု
ပြင်ပေးသင့်ပါတယ်။
✓✓ တောင်ပေါ်ဒေသဘက်မှာတော့ သြဂုတ်လမှာစတင်သီးပွင့်ပြီး ဒီဇင်ဘာကနေ ဖေဖဝါရီလထိ အသီးလှိုင်လှိုင်ရရှိပေမဲ့ မြေပြန့်ဒေသ
တွေမှာတော့ အသီးအပွင့်နောက်ကျတတ်ပါတယ်ရှင်။
Crd....

image