ဖောရက်စ်နှင့် ယူရိုပါလိဂ်ပွဲတွင် ဖန်တီးမှု ပြုလုပ်ခဲ့တဲ့ အပြင် အဖိုးတန်နောက်ကျချေပဂိုးပါ သွင်းယူလာတဲ့ အန်တိုနီ
စက်တင်ဘာ ၂၅
အန်တိုနီဟာ မနေ့ညတုန်းက ဆဗီးလ်တွင် ကစားတဲ့ နော်တင်ဟမ်ဖောရက်စ်နှင့် ၂ ဂိုးစီသရေကျတဲ့ ယူရိုပါလိဂ်ပွဲစဉ်တွင် ကစားဖော် ဂိုးသွင်းနိုင်အောင် ဖန်တီးမှု ၁ ကြိမ်ပြုလုပ်ခဲ့သလို ကိုယ်တိုင်လည်း အဖိုးတန် နောက်ကျချေပဂိုးလည်း သွင်းနိုင်ခဲ့ပါတယ်။
နွေရာသီတုန်းက ယူနိုက်တက်မှ အပြီးသတ် ပြောင်းရွှေ့လာခဲ့တဲ့ အန်တိုနီဟာ ပွဲချိန် ၁၅ မိနစ်တွင် ခီဒရစ်ဘာကမ်ဘူ ဦးဆောင်ဂိုး သွင်းနိုင်အောင် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
ချက်ချင်းဆိုသလို နော်တင်ဟမ်ဖောရက်စ်ဟာ ဘရာဇီးတိုက်စစ်မှူးအိုင်ဂေါ်ဂျေဆူးရဲ့ ၅ မိနစ်အတွင်း သွင်းဂိုး ၂ ဂိုးဖြင့် ဘက်တစ်အား ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပွဲချိန် ၈၅ မိနစ်မှာတော့ အန်တိုနီက ဘက်တစ်တို့ ၂ ဂိုးစီသရေကျစေမဲ့ ချေပဂိုးအား သွင်းယူလာနိုင်ခဲ့ပါတယ်။
အန်တိုနီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ယူနိုက်တက်မှ ဘက်တစ်သို့ အငှားဖြင့် ပြောင်းရွှေ့လာပြီးနောက် ၂၆ ပွဲတွင် ၉ ဂိုးသွင်းကာ ၅ ကြိမ် ဖန်တီးမှု ပြုလုပ်ထားနိုင်ခဲ့ပါတယ်။
သူဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာတော့ ဘက်တစ်သို့ ပေါင် ၂၁ သန်း (ဒေါ်လာ ၂၇ သန်း)ဖြင့် အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။
#ဘောလုံးသတင်းစုံ