ဆရာတင်မောင့်မြင့်ရဲ့တမ်းတတက်သည်
ဘာသာပြန်လက်ရာအခုမှစဖတ်ဖူးတာတခါတည်းနဲ့ကြိူတ်သွားတယ်
ဒီစာအုပ်လေးကိုအရွယ်ရောတ်ပြီးတဲ့လူငယ်တိုင်းဖတ်သင့်တယ်လို့မြင်တယ်
စာအုပ်လေးကဘာသာပြန်ဖြစ်ပေမဲ့ မူးရင်အရသာကောဇာတ်အိမ်ပါမပျတ်စီးအောင် မြန်မာ့ဟန်နဲ့နားလည်နိူင်အောင်ရေးပြသွားတဲ့ဆရာကိုအရင်ချီးကျူးမိတယ်
ကျွန်တော်အမြင်ပြောပြရရင်
ဒီစာအုပ်ဖတ်ပြီးတွေးမိတာလေးတခုပေါ့
အချစ်က လူကိုပျော်ရွှင်တာတွေပေးသလို
ဝမ်းနည်းစရာတွေလည်းပေးတက်တာဘဲ
တခါတလေအသတ်အန္တရာယ်တောင်ပေးနိူင်တာဒီစာအုပ်ကလက်တွေဘဲ တကယ်တော့ကျွန်တော်တို့တွေက အချစ်ဆိုတာဘာကြီးမှန်းသေချာရေရာမသိတာများပါတယ် ကျွန်တော်အပါဝင်ပေါ့
စာအုပ်ထဲကမင်းသမီးဆရီနာလိုပေါ့ သူဘဝမှာအမေရိကန်စစ်ဗိုလ်နဲ့အကြောင်းပါလို့ ကလေးတစ်ယောက်ရတဲ့အထိအချစ်ကပျော်ရွှင်စရာတွေပေးခဲ့တယ် တနေ့ကံမကောင်းအကြောင်းမလှတော့ ဘရတ်တစ်ယောက်မစ်ရှင်တခုမှာကြဆုံးတော့
ဆရီနာဟာကမ္ဘာပျတ်သည့်အလားအထိန့်တလန်ဖြစ်ခဲ့တယ်အချိန်တော်တော်ယူခဲ့ရတယ် အဲ့အချိန်မှာဘရတ်ရဲ့ညီ တက်ဒီကသူကိုသဘေကျနေခဲ့တာ
အကောင်းဆုံးတွေကူညီပေးတယ် အများကြီးချစ်ပြခဲ့တယ် ဒါကိုဆရီနာမမြင်ခဲ့ဘူး ဗာစီလီဆိုတဲ့ ဓာတ်ပုံစရာ ဘိန်းသမားကိုရွေးချယ်ခဲ့တယ် ရင်နာဖို့အကောင်းသားဘဲ
ဒီဘတ်ခေတ်မှာလည်း တချိူ့မိန်းကလေး ယောကျ်ားလေးတွေ ကလည်း ကိုယ်ကိုတစ်ကယ်မြတ်နိူးတဲ့သူကို မမြင်နိူင်ဘူး ဗာစီလီလိုအပြောကောင်းရုပ်ချောပိုက်ဆံရှိတဲ့သူဆိုဘာမှမစဥ်းစားဘူးရွေးချယ်တော့တာဘဲ
ဆရီနာဟာဗာစီလီနဲ့ကလေးမရခင်ထိအချစ်ကိုသင့်တင့်သလောတ်ခံစားရပါတယ် ဘိန်ကိုကြိူတ်တဲဗာစီလီဟာတနေ့တော့ဇာတိပြလာတာပေါ့လေ
ကြောင်ကြာကြာရေမငုတ်နိူင်သလို အမှန်တရားကတနေ့ဗူးပေါ်သလိုပေါ်လာတာဘဲ မူးယစ်ဆေးသုံးပြီးအိမ်ပြန်လာတယ် မယားကိုမမှတ်မိ ပြောဆိုရိုက်နှတ်တဲ့အခါမှ ဆရီနာအကြီးအကျယ်ခြောတ်ခြားဝမ်းနည်းမိတယ် သူရွေးချယ်တာမှားမှန်းသိလာတယ် ဒါပေမဲ့ သူဝေခွဲမရဘူး ဗာစီလီကိုမခွဲနိူင်ဘူး
တကောင့်သားဗာစီးလီက အပြောကတော့တကယ် ဒီဘတ်ခေတ်မိန်းကလေးတွေနဲ့တွေ့ရင်တော့ ရင်လေးစရာဘဲ ခနခန မူးယစ်ဆေးသုံးပြန်လာရင်မယားကိုအပြစ်ပြောထိန့်လန့်ခြောတ်လန့်
မနတ်မိုးလင်းမျတ်ရည်စက်လတ်နဲ့ သူနောတ်မလုပ်ပါဘူး မင်းကိုအရမ်းချစ်တယ် သူပြင်ပါ့မယ်မကြိူတ်တာမှန်သမျှဆိုပြီး တော်ကီနဲ့ချူပ်သံသရာလည်နေအဲ့ထဲမှာဘဲ
ဆရီနာကလေးမွေးတဲ့ထိအမြင်မှန်မရခဲ့ဘူး ကလေးမွေးတဲ့အချိန်မှာတောင်မူးယစ်ဆေးကြောင့်အနားမှာတောင်မရှိတဲ့သူကလေ အဲ့အချိန်တစ်ကယ်ချစ်တဲ့တက်ဒီသာသူကို ကလေးနဲ့သူကိုယ်ဘာလတ်မတင့လေးကယ်တင်လိုက်နိူင်တာ
ဒါပေမဲ့ လည်းဆရီးနာဟာဗာစီလီရဲ့ အပြောတွေဂရုစိုတ်မူတွေအချစ်တွေကနေမရုံးထွက်နိုင်ဘူး
တနေ့မှာတော့အမြင်မှန်ရပြီး တက်ဒီဆီပြန်လာတာပေါ့ အဲ့အချိန်ဗာစီလီဟာ သူရှိလိုက်လာပြီး သူချစ်တဲ့ဆရီနာကို သူကိုယ်တိုင်ဘဲသတ်ပစ်ခဲ့တယ် အယ့်ဘာတဲ့ချစ်လွန်းလိုတဲ့ရယ်စရာတော့ကောင်းသား
တကယ်ချစ်တဲ့သူကကိုယ်ချစ်တဲ့သူကိုမထိခိုက်မနစ်နာစေဘူးရယ် အဓိကကတော့မူးယစ်ဆေးကြောင့်ပေါ့
ဒီစာအုပ်ထဲမှာသာမက တကယ်အပြင်မှာလည်းမူယစ်ဆေးကအတော်ဆိုးကျိူးပေးတာသာဓကတွေနည်းမနည်းဘဲ
တစ်ဘဝတော့ပြီးသွားတာပေါ့လေဆရီနာသေတော့
သူမမွေးလာတဲ့ကလေးတွေမှာလည်းစိတ်ဓာတ်ရာကိုစီနဲ့ အဆိုးဆုံးကဗာနီဆာပေါ့ ဘရတ်ဖူလာတန်နဲ့ဆရီနာတို့ရဲ့ကလေး သူက ဗာစီလီရဲ့မကောင်းတဲ့အကျင့်စရိုက်တွေ မူးယစ်ဆေးသုံးပြီးသူတို့သာအမိကိုပြူမူတာတွေ နောတ်ဆုံးအဆင့် အမေ့ကိုသတ်တာပါမြင်တော့ စိတ်ဓာတ်ရာကြီးကြီးမားမားရသွားတယ်
သူဘဝမှာယောကျာ်းတွေကကြောတ်စရာဖြစ်ခဲ့ရတယ်လေ သူညီမလေးနဲ့လည်းခွဲခဲ့ရ အချိန်အတော်ယူပြီးမှ သူညီမလေးနဲ့ပြန်တွေ့ရ ခဲ့တယ် သူလည်းတစ်ကယ်ချစ်တဲ့သူနဲ့လတ်တွဲခဲ့ရပါတယ်
စာအုပ်ထဲကအကြောင်းအရွတွေ တွေးစရာတွေအများကြီးကျန်ပါသေးတယ်
အကောင်းဆုံးကတော့အချိန်ရရင် ဒီစာအုပ်လေးကိုဖတ်ကြည့်ကြပါ
စာဖတ်ပြီးတော့ အချစ်စစ်ကကိုယ်အနားမှာရှိနေတက်တာရယ် အချစ်ကအမျိူးမျိူးသောခံစားချတ်တွေစိတ်ဒဏ်ရာတွေပေးတက်တာရယ်
ကိုယ်ကိုတိုင်ရွေးချယ်တာမမှားဖို့အရေကြီးတာရယ်
အဓိကကတော့အပြောကောင်းတိုင်အယုံမလွယ်ဖိုတွေးမိတာပါဘဲ
အဲ့လောတ်ဘဲတွေးတက်တယ် ကူပြီးတွေးပေးကြပါဦး ဆွေးနွေးအကြံပေးကြပါလေ
စာအုပ်လေးကတွေးစရာလေးရယ်
