10 ပတ် - ဘာသာပြန်ပါ။

ခါရာဘောင်ဖလားစတုတ္ထအဆင့်တွင် အာဆင်နယ်နှင့် ဘရိုက်တန်၊ နယူးကာဆယ်နှင့် စပါးစ်၊ လီဗာပူးနှင့် ပဲလေ့စ်တို့ ထိပ်တိုက်တွေ့နေ

စက်တင်ဘာ ၂၅

ခါရာဘောင်ဖလားစတုတ္ထအဆင့် မဲခွဲမှု ပြုလုပ်ခဲ့ရာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် ဘရိုက်တန်နှင့် ရင်ဆိုင်တွေ့နေပါတယ်။

ဘရိုက်တန်ဟာ အောက်စ်ဖို့ဒ်ယူနိုက်တက်နှင့် ဘန်စလေတို့အား ၁၂ ဂိုးအထိ သွင်းယူပြီး ခါရာဘောင်ဖလားပြိုင်ပွဲတွင် အကောင်းဆုံးပုံစံ ရရှိနေတဲ့အသင်းလည်း ဖြစ်ပါတယ်။

ဘရိုက်တန်ဟာ ၂၀၂၂ ခုနှစ် ခါရာဘောင်ဖလားတတိယအဆင့်တွင် အာဆင်နယ်နှင့် နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့ခဲ့ဖူးပြီး အမ်းမရိတ်ကွင်းမှာ ၃-၁ ဖြင့် အနိုင်ရခဲ့ဖူးပါတယ်။

အခြားပရီးမီးယားလိဂ်အသင်းများ ထိပ်တိုက်တွေ့ဆုံမှုများ အဖြစ် စပါးစ်ဟာ လက်ရှိ ချန်ပီယံ နယူးကာဆယ်ကို အဝေးကွင်းသို့ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပြီး လီဗာပူးနှင့် ခရစ္စတယ်ပဲလေ့စ်၊ ဝုဗ်နှင့် ချဲလ်ဆီးတို့ ထိပ်တိုက်တွေ့နေပါတယ်။

ဂွါဒီယိုလာလက်အောက်တွင် ခါရာဘောင်ဖလား ၄ ကြိမ်တိုင်တိုင် ရရှိခဲ့ဖူးတဲ့ မန်စီးတီးမှာ ချန်ပီယံရှစ်ကလပ် ဆွမ်စီးနှင့် ရင်ဆိုင်ရပါမယ်။

အခြားဝေးလ်အခြေစိုက်ကလပ်နှစ်ခုဖြစ်တဲ့ ဝရက်စ်ဟမ်းနှင့် ကာဒစ်ဖ်တို့မှာလည်း Racecourse ထိပ်တိုက်ရင်ဆိုင်ကြပါမယ်။

Gaint Killers အဖြစ် နာမည်ကြီးတဲ့ ဂရမ်စဘီတောင်းမှာ ပရီးမီးယားလိဂ်ကလပ်တစ်ခုပင် ဖြစ်တဲ့ ဘရန့်ဖို့ဒ်နှင့် ထပ်မံ ရင်ဆိုင်ရပါဦးမယ်။

လိဂ် ၁ ကလပ် ဝိုင်ကွမ်ဘီမှာလည်း ဖူလ်ဟမ်ကို ဧည့်ခံကစားရပါမယ်။

#ဘောလုံးသတင်းစုံ

image