5 ပတ် - ဘာသာပြန်ပါ။

"တန်ဖိုး"
ကြပ်တည်းလာတဲ့အခါ... ငွေရဲ့တန်ဖိုးသိလိမ့်မယ်။
အသက်ရွယ် ကြီးလာတဲ့အခါ...
ငယ်ရွယ်ခြင်းရဲ့ တန်ဖိုးကိုသိလိမ့်မယ်။
ဖျားနာတဲ့အခါ...
ကျန်းမာခြင်းရဲ့ တန်ဖိုးကိုသိလိမ့်မယ်။
နောက်ကျတဲ့အခါ...
အချိန်ရဲ့တန်ဖိုးကိုသိလိမ့်မယ်။
ဝေးကွာတဲ့အခါ... ဆုံစည်းခြင်းရဲ့
တန်ဖိုးကိုသိလိမ့်မယ်။
ဒုက္ခရောက်တဲ့အခါ...
မိဘရဲ့တန်ဖိုးကို သိလိမ့်မယ်။
တစ်ကယ်တော့...
အရာအားလုံးက အချိန်တိုင်း... သူ့တန်ဖိုးနဲ့သူ ရှိနေကြတာပါ။
ဒါပေမဲ့ ဆုံးရှုံးသွားတဲ့အရာတွေကို နှမျောတမ်းတနေမဲ့ အစား
ကျန်ရှိနေတဲ့ အရာတွေကို တန်ဖိုးထားတတ်ဖို့ လိုပါတယ်။
ဒါကြောင့် နောင်တမရအောင်..
ကြိုးစားပြီး ပျော်အောင်နေပါ။ အရာအားလုံးကို လက်ခံနိုင်အောင် ကြိုးစားပြီး အေးချမ်းအောင်နေပါ။
#ဆရာအောင်သင်း
#crd