5 ပတ် - ဘာသာပြန်ပါ။

❝ဘောလုံးပွဲကြည့်နေစဥ် မိုးရွာပြီး အုတ်တံတိုင်းပြိုကျလို့ ကျောင်းသား ၃ သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရ❞

စက်တင်ဘာ ၂၅

မွန်ပြည်နယ်၊ လမိုင်းမြို့နယ်၊ ကုန်းပေါ်သစ်ရွာမှာ စက်တင်ဘာ ၂၄ ရက်၊ နေ့လည် ၃ နာရီကျော်အချိန်ခန့်က ကျောင်းသားတွေ ဘောလုံးပွဲကြည့်နေစဥ် မိုးရွာပြီီး အုတ်တံတိုင်းပြိုကျလို့ ကျောင်းသား ၃ သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်တွေဆီက သိရပါတယ်။

ကျောင်းသားတွေနဲ့ ဒေသခံတွေဟာ ရပ်ကွက်စုပေါင်းကန်တဲ့ ဘောလုံးပွဲကိုကြည့်နေစဥ် မိုးသည်းထန်စွာရွာသွန်းပြီး ဘုန်းကြီးကျောင်းရဲ့အုတ်တံတိုင်းနံရံပြိုကျခဲ့တာလို့ သိရပြီး အဲ့ဒီဖြစ်စဥ်ကြောင့် အသက် ၁၂ နှစ်နဲ့ ၁၃ နှစ်အရွယ်ရှိတဲ့ ကျောင်းသား ၂ ဦးဟာ နေရာမှာပဲ သေဆုံးခဲ့ နောက်ထပ် ၁ ဦးက ဆေးရုံရောက်မှ သေဆုံးသွားတာလို့ ဆိုပါတယ်။

သေဆုံးခဲ့တဲ့ ကျောင်းသားတွေက ကုန်းပေါ်သစ်ရွာကဖြစ်ပြီး ကျောင်းသား ၄ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့လို့ နှစ်ကရင်လူမှုကူညီရေးအသင်းက လမိုင်းဆေးရုံကို ပို့ဆောင်ပေးနိုင်ခဲ့လို့ အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိတော့ဘူးလို့လည်း သိရပါတယ်။

#centralnewsnaypyitaw

imageimage
+5