ဝက်အူချောင်းပင်စိမ်းအစပ်ဟင်း
-------------------------------------
ပါဝင်ပစ္စည်းများ
• ဝက်အူချောင်း - ၆ ချောင်း
• ပင်စိမ်းရွက် - ၂ ဂရမ်
• ကြက်သွန်မြိတ် - အနည်းငယ်
• ကြက်သွန်ဖြူ - ၅ မြွှာ
• ကြက်သွန်နီ - ၂ လုံး
• ငရုတ်သီးအနီ - အနည်းငယ်
• ငရုတ်သီးစိမ်း - ၅ တောင့်ခန့်
• ဆီ - စားပွဲဇွန်း ၂ ဇွန်း
• ဆား - အနည်းငယ်
• သကြား - အနည်းငယ်
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• ငံပြာရည် - အနည်းငယ်
• ခရုဆီ - စားပွဲဇွန်း ၁ ဇွန်း
• ကော်ရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ပဲငံပြာရည်အကြည် - အနည်းငယ်
ပြုလုပ်နည်း
ကြက်သွန်ဖြူကို ဓားပြားရိုက်ပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီး ကြက်သွန်မြိတ်ကို အနေတော်လှီးဖြတ်ပါ။ ပင်စိမ်းအရွက်များ ေြွခထားပါ။ ငရုတ်သီးများကို ထက်ခြမ်းခြမ်းပါ။ ဝက်အူချောင်းကို အနေတော် လှီးဖြတ်ပါ။ ဒယ်အိုးကို အပူပေး၍ ဆီထည့်ပြီး ဆီပူ လာလျှင် ကြက်သွန်ဖြူ/နီကို ဆီသတ်ပါ။ ကြက်သွန်နံ့ မွှေးလာလျှင် ဝက်အူချောင်းထည့်ပါ။ ဝက်အူချောင်း အနံ့မွှေးလာလျှင် ငရုတ်သီးထည့်ပါ။ အရသာများ
အတွက် ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ငံပြာရည်၊ ဆား၊ သကြားနှင့် ငရုတ်ကောင်းတို့ကို ထည့်ပါ။ ရေဆူလာ
လျှင် ကြက်သွန်မြိတ်နှင့် ပင်စိမ်းကို ထည့်ပါ။ အနံ့
အရသာပြည့်စုံလျှင် ကော်ရည်ထည့်ပါ။