10 ပတ် - ဘာသာပြန်ပါ။

“ခရုခွံလေးတွေနဲ့ လှပစွာတည်ဆောက်ထားကြတဲ့ ပင်လယ်ကြမ်းပြင်အောက်က
ရေဘဝဲ မြို့တော်လေးများ”
ဩစတြေးလျနိုင်ငံ၊ Jervis Bay ကမ်းလွန်ပင်လယ်မှာ သိပ္ပံပညာရှင်တွေက Octlantis လို့ အမည်ပေးထားတဲ့ နေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီနေရာဟာ "စိတ်မကြည်လင်တဲ့ရေဘဝဲ" (gloomy octopuses) တွေ စုဝေးနေထိုင်ပြီး ခရုခွံတွေနဲ့ အသိုက်အမြုံဆောက်ကာ တစ်ကောင်နဲ့တစ်ကောင် နီးနီးကပ်ကပ်နေထိုင်ကြတဲ့ ပင်လယ်ကြမ်းပြင်အပိုင်းအစတစ်ခု ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ အမြင်မှာ ရေဘဝဲဆိုတာ အထီးကျန်ဆန်တဲ့ သတ္တဝါတွေလို့ ထင်ထားခဲ့ကြတာပါ။ ဒါပေမဲ့ Octlantis မှာတော့ ကင်မရာတွေကနေ ရေဘဝဲတွေ အချင်းချင်း မိတ်လိုက်တာ၊ အချက်ပြတာ၊ ကိုယ့်နယ်မြေကို ကာကွယ်တာ၊ ဒါ့အပြင် သူတို့နှစ်သက်တဲ့ အသိုက်အမြုံနေရာအတွက် အိမ်နီးချင်းကိုပါ နှင်ထုတ်တာတွေအထိ တွေ့ရပါတယ်။
ဒီလိုနေရာမျိုးက ဒါတစ်ခုတည်း မဟုတ်ပါဘူး။ အရင်က ရှာဖွေတွေ့ရှိခဲ့တဲ့ Octopolis ဆိုတဲ့ နေရာမှာလည်း ရေဘဝဲတွေဟာ ခရုခွံတွေ စုပုံထားတဲ့ နေရာတစ်ဝိုက်မှာ အသိုက်အမြုံလေးတွေနဲ့ စုရုံးနေထိုင်ကြတာကို တွေ့ခဲ့ရပါတယ်။
နေရာနှစ်ခုစလုံးမှာပဲ ဒီသတ္တဝါတွေဟာ သူတို့စားသုံးပြီးသား သားကောင်တွေရဲ့ ခရုခွံတွေကို တစ်ပုံကြီး စုပုံထားပြီး အဲဒီအပုံကြီးထဲမှာပဲ မြေတူးပြီး အသိုက်အမြုံတွေ ဖန်တီးနေကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အဲဒီခရုခွံပုံတွေဟာ ပတ်ဝန်းကျင် ရှုခင်းကိုပါ ပြောင်းလဲသွားစေပါတယ်။ ပုန်းအောင်းစရာနေရာတွေ ပိုများလာလေ၊ ရေဘဝဲတွေလည်း ပိုမိုစုစည်းနေထိုင်ကြလေပါပဲ။
သိပ္ပံပညာရှင်တွေက အစားအစာတွေ ပေါများပြီး လုံခြုံတဲ့ပုန်းအောင်းစရာနေရာရှားပါးတဲ့အခါ ဒီလိုနေရာတွေ ပေါ်ပေါက်လာတယ်လို့ ယူဆကြပါတယ်။ ရလဒ်အနေနဲ့ မြို့တစ်မြို့လိုပဲ တံခါးပေါက်တွေ၊ လမ်းကြားတွေ၊ အငြင်းပွားမှုတွေနဲ့ တစ်ခါတစ်ရံ အိမ်ပြောင်းရွှေ့မှုတွေအထိ တွေ့မြင်ရပါတယ်။
ရေဘဝဲတွေဟာ ကျွန်တော်တို့ကို အမြဲတမ်း အံ့အားသင့်စေပါတယ်။ သူတို့ဟာ လိမ္မာပါးနပ်တယ်၊ တီထွင်ဖန်တီးနိုင်တယ်၊ ပြီးတော့ အခုအခါမှာတော့ တစ်ခါတစ်ရံ လူမှုပေါင်းသင်းဆက်ဆံရေးလည်း ရှိတယ်ဆိုတာ တွေ့လာရပါတယ်။ ပင်လယ်ဟာ သူ့ရဲ့အကောင်းဆုံးအံ့အားသင့်စရာတွေကို ပင်လယ်ကြမ်းပြင်အောက်မှာပဲ အနီးကပ် သိမ်းဆည်းထားတတ်တယ်လို့ ဆိုရမှာပါ။

image