ကိုရီးယားငါးအသားပြား
ပါဝင်ပစ္စည်းများ
ပုစွန် - ၁၀၀ ဂရမ်
ငါးဖယ်ခြစ် - ၁၀၀ ဂရမ်
ငါးခြစ် - ၁၀၀ ဂရမ်
ပြည်ကြီးငါး - ၁၀၀ ဂရမ်
သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်ဥ - ၂ လုံး
ကြက်သွန်ဖြူ - ၃ ဂရမ်
ဂျုံမှုန့် - စားပွဲဇွန်း ၂ ဇွန်း
ကော်မှုန့် - ၁၀၀ ဂရမ်
ရေ - စားပွဲဇွန်း ၃ ဇွန်း
ကြက်သွန်နီ - ၃၅ ဂရမ်
ကြက်သွန်မြိတ် - ၁၀ ဂရမ်
မုန်လာဥနီ - ၃၅ ဂရမ်
ရေ - စားပွဲဇွန်း ၁ ဇွန်း
ပြုလုပ်ပုံ
ကြိတ်စက်ထဲကို ပုစွန်၊ ငါးဖယ်ခြစ်၊ ငါးခြစ်၊ ပြည်ကြီးငါး၊ သကြား၊ ဆားတို့ကို ထည့်ပြီး ကြိတ်ပါ။ ပြီးလျှင် အသားကြိတ်ထားတဲ့အထဲကို ကြက်ဥ၊ ကြက်သွန်ဖြူ၊ ဂျုံမှုန့်၊ ကော်မှုန့်၊ ရေတို့ကို ထည့်ပြီး နောက်တစ်ချိန်ထပ်ကြိတ်ပါ။ ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ မုန်လာဥနီ၊ ရေတို့ထည့်ပြီး ထပ်ကြိတ်ပါ။ ကြိတ်ထားတဲ့အဆာများကို ဇလုံတစ်လုံးထဲထည့်ပြီး နှံ့စပ်အောင် မွှေပါ။ ပြီးလျှင် ဒယ်အပြားလေးထဲကို အနေတော်အပြားအရွယ် အဆာများထည့်ပြီး မီးအပူပေးပါ။ အရောင်ရလာပြီဆိုလျှင် ကော်ယူပြီး ပန်းကန်ပြားထဲ ထည့်ထားပါ။ ထိုနည်းအတိုင်း တစ်ခုပြီးတစ်ခု လုပ်ပြီးသွားလျှင် ငါးအသားပြားများကို နှစ်ခေါက်ခေါက်ပြီး တုတ်နဲ့ထိုးပါ။ ပြီးလျှင် အရွက်ပြုတ်ရည်ဆူဆူအိုးထဲ ထည့်ပြီး ခဏတည်ပါ။ ပြီးလျှင် ဟင်းရည်ပူပူလေးနဲ့ ကိုရီးယားငါးအသားပြားလေး ရပါပြီ။

image