10 w - Translate

ဒွန်ရစ်ချီ (Don Ritchie) ဟာ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ "The Gap" လို့ လူသိများတဲ့ ကျောက်ဆောင်ထိပ်နားက လမ်းတစ်ဖက်မှာ နေထိုင်သူတစ်ယောက်ဖြစ်ပါတယ် "The Gap" ဟာ လှပတဲ့ပင်လယ်ရှုခင်းကြောင့် နာမည်ကျော်ပေမယ့် တစ်ဖက်မှာတော့ လူအများအပြား မိမိကိုယ်ကိုယ် အဆုံးစီရင်လေ့ရှိတဲ့ နေရာတစ်ခုအဖြစ်လည်း နာမည်ဆိုးနဲ့ ကျော်ကြားနေပါတယ်
ရစ်ချီ ဟာ သူ့အိမ် ပြတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တိုင်း ကျောက်ဆောင်ထိပ်မှာ တစ်ယောက်တည်း ရပ်နေတဲ့သူတွေကို တွေ့ခဲ့ရပါတယ် အဲဒီလိုလူမျိုးတွေကို တွေ့လိုက်တာနဲ့ သူဟာချက်ချင်း အပြင်ကို ထွက်သွားပြီး စကားပြောလေ့ရှိပါတယ်
သူ့ရဲ့ နည်းလမ်းက ရိုးရှင်းပါတယ် အေးအေးဆေးဆေးဘဲ သူတို့ဆီ ချဉ်းကပ်ပြီး ပြုံးပြလိုက်ပါတယ် ပြီးရင် "တစ်ခုခု အဆင်ပြေရဲ့လား" ဒါမှမဟုတ် "ကျွန်တော် သင့်ကို ကူညီနိုင်မယ့်အရာ ရှိပါသလား" လိုမျိုး မေးခွန်းတွေ မေးတတ်ပါတယ် အဲဒီလိုစကားစမြည်ပြောရင်း အခြေအနေကို နားထောင်ပေးပြီးနောက် "လာပါ ကျွန်တော့်အိမ်ကို လိုက်ခဲ့ပါဦး လက်ဖက်ရည်ပူပူလေး သောက်ရင်း စကားပြောကြရအောင်" လို့ ဖိတ်ခေါ်ခဲ့ပါတယ် သူ့ရဲ့ စကားပြောဟန်က ရိုးသားပြီး နွေးထွေးတာကြောင့် လူတွေဟာ သူ့ရဲ့ ကူညီမှုကို လက်ခံပြီး အဆုံးစီရင်ဖို့ ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့ကြပါတယ်
ရစ်ချီ ဟာ ဒီလိုနည်းလမ်းနဲ့ လူပေါင်း ၁၆၀ ကျော်ရဲ့ အသက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ တရားဝင်မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ် သူ့ရဲ့အိမ်ကို ခဏတာ ဝင်လာတဲ့သူတွေဟာ သူ့ရဲ့နွေးထွေးတဲ့ စကားဝိုင်းနဲ့ ကရုဏာကြောင့် အဆုံးစီရင်ဖို့စိတ်ကို ပြန်လည်ပြင်ဆင်နိုင်ခဲ့ကြပါတယ်
ရစ်ချီဟာ သူ့ရဲ့လုပ်ရပ်တွေကို ပုံမှန်အလုပ်တစ်ခုလိုဘဲ နှစ်ပေါင်း ၅၀ နီးပါး လျှို့ဝှက်စွာ လုပ်ဆောင်နေခဲ့တာပါ အဲ့လိုနဲ့ ၂၀၀၆ ခုနှစ်မှာတော့ သူ့ရဲ့အသက်ကယ်ဆယ်မှုတွေအတွက် အသိအမှတ်ပြုခြင်းခံခဲ့ရပြီး ဩစတြေးလျနိုင်ငံရဲ့ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် (Medal of the Order of Australia) ကိုချီးမြှင့်ခဲ့ပါတယ်
၂၀၁၂ ခုနှစ်မှာတော့ ဒွန်ရစ်ချီ ဟာကွယ်လွန်သွားခဲ့ပြီး သူ့ရဲ့သမီးကလည်း သူ့ဖခင်လိုဘဲအခြားသူတွေကို ကူညီဖို့ ကြိုးစားခဲ့ပါတယ် ဒွန်ရစ်ချီ ကိုတော့ ဒီနေ့အချိန်ထိ သူရဲကောင်းတစ်ဦးအဖြစ် မှတ်တမ်းတင်ထားလျက်ရှိပါတယ်

image