7 w - Translate

ရေးတွင် အုတ်နံရံ ပြိုကျပြီး ကျောင်းသား ၃ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာတွင် ဘောလုံးကွင်းနှင့် ဘုန်းကြီးကျောင်းအကြား ကာရံ ထားသည့် အုတ်နံရံပြိုကျမှုကြောင့် ဘောလုံးပွဲကြည့်နေသည့်ကျောင်းသားသုံးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများနှင့် ဒေသခံများက ပြောသည်။
“ရပ်ကွက်ဘောလုံးပွဲကြည့်ကြရင်း ဖြစ်တာ။ ဘုန်းကြီးကျောင်းနဲ့ဘောလုံးကွင်းကို အဲဒီနံရံက ခြားတာပေါ့။ အုတ်နံ ရံပေါ့၊ အဲဒီပေါ်တက်ပြီး ကြည့်ကြလေ့ရှိတယ်လေ၊ ကျွန်တော်တို့ဘက်မှာက။ မိုးရွာတာများပြီးတော့ ပြိုကျသွား တာပဲ” ဟု မော့ကနင်ရွာခံတဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၂၄ ရက်) ညနေ ၄ နာရီဝန်းကျင်က မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မော့ကနင်ရွာသစ် (ဒေသအခေါ် ကုန်းပေါ်ရွာသစ်)တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘောလုံးပြိုင်ပွဲကြည့်နေစဉ် မိုးရွာ သွန်းမှုများကာ ဘုန်းကြီးကျောင်းအုတ်နံရံပြိုကျလာသောကြောင့် ကျောင်းသားများ ထိခိုက်သေဆုံးခြင်းဟု သိရ သည်။
“အားလုံးက အဲ့ဒီထောင့်မှာ ရှိနေတဲ့ ငါးယောက်ပဲ၊ ငါးယောက်လုံး ပိကျသွားတယ်။ ချက်ချင်းဆုံးတာ သုံးယောက်၊ တယောက်က ဒဏ်ရာပြင်းထန်တယ်။ နောက်တယောက်က အသက်အန္တရာယ် သိပ်မစိုးရိမ်ရဘူး။ အသက်အရွယ် က ကလေးတွေက၊ အသက် ၁၂၊ ၁၃ ကြားလေးတွေပဲ” ဟု သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးကလည်း ပြောသည်။
သေဆုံးနှင့် ထိခိုက်ဒဏ်ရာရသည့် ကလေးငယ်များမှာ မော့ကနင်အခြေခံပညာအလယ်တန်းကျောင်းတွင် စာသင် ကြားနေသည့် ဆယ်ကျော်သက်အရွယ် ကျောင်းသားများဖြစ်သည်။
ထိခိုက်ဒဏ်ရာရထားသည့် ကလေးငယ်များသည် လက်ရှိတွင် လမိုင်းဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
စာတည်း။ ။စောဖေ
ဓါတ်ပုံ- မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ရွာသစ်တွင် ယနေ့ စက်တင်ဘာလ ၂၄ ရက် ညနေပိုင်းက မိုးရွာသွန်းမှုများပြီး ဘုန်းကြီးကျောင်းအုတ်နံရံ ပြိုကျရာမှ ဘောလုံးပွဲ ကြည့်နေသည့် ဆယ်ကျော်သက်အရွယ် ကျောင်းသားသုံးဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

image
image
image