♥ အစာကြေလွယ်စေပြီး ဆီးပူဆီးအောင့်သက်သာစေကာ ဆီးချို အတွက် ဓာတ်စာဖြစ်တဲ့ ပြည်ပန်းညိုရွက်♥
ပြည်ပန်းညို ချိုပါရက်ကယ်နဲ့ ဆားကဖျက်တယ်ဆိုတဲ့စကားနဲ့အညီ ပြည်ပန်းညိုရွက်ကို ဟင်းချိုချက်သောက်ပါက အရသာမှာအလွန်ချိုပါတယ်။
🌿 အရွက်ကို ပြုတ်၍ ပုစွန်ခြောက်ဖြင့် သုပ်စားက
ဆီးချိုရောဂါ၊ အဖျားရောဂါ၊ လေထိုးလေအောင့်ခြင်း၊ လေလုံး ရောဂါ၊ ညောင်းကျရောဂါ ပျောက်၏။
🌿 အရွက်ကို အမှုန့် ပြု၍ စားပါက
အပူရောဂါ၊ ဆီးအောင့်ခြင်း၊ လေရောဂါများပျောက်၏။
🌿 အရွက်ကို ဟင်းချိုချက်သောက်က ပိတ်ဝမ်းကိုက်ခြင်း၊ သွေးဝမ်းသွားခြင်း၊အစာမကြေခြင်း၊ သည်းခြေပျက်ရောဂါများ ပျောက်၍ ခွန်အားကို ဖြစ်စေ၏။
🌿 အရွက်ကြိတ်ညှစ်ရည်ကို
နို့ရည်၊ သကြားတို့နှင့် သောက်လျှင်
ဆီးအောင့်ခြင်းနှင့် ညောင်းကျရောဂါ ပျောက်စေ၏။
မြန်မာ ဆေးကျမ်းများ အလိုအရ ပြည်ပန်းညိုသည် အေး၏။ အရသာ ဖန်ခါး၏။ ဆီးကို များစေ၍ ညောင်းကျ ရောဂါကို ပျောက်ကင်းစေနိုင်သည်။
crd

image