သီးစုံ ပဲကုလားဟင်း
************************
၁-ကြက်သွန်ဖြူ,နီ,ငရုတ်သီးအစ်ိမ်းမှုန့်ဆီသတ်ပါ။ ( ပျော့လာရင် )
၂-ဂျင်းထောင်း,ပျဉ်းတော်သိမ်း,မဆလာ,ဇီယာ ထည့်၍
အနံ့မွှေးပီး ရွလာသည်အထိဆီသတ်ပီးရင်
၃-အာလူး,ဘူးသီး,ပဲသီး,ဒန့်ဒလွန်သီး,ရွှေဖရုံသီး,ဥနီထည့်ပါ။
၄- ပဲပြုတ်စေ့နဲ့ ပဲပြုတ်ရည်ထည့်
ရေနွေးထည့်ပီး မိနစ် ၂၀ ခန့် အဖုံးအုပ်ထားပါ။
၅- ခရမ်းသီး,ပန်းဂေါ်ဖီထည့်ပါ။(ရေလိုရင်ရေနွေးထည့်ပေးပါ)
( ၁၀ မိနစ်နစ်ကြာရင် )
၆- ရုံးပတီသီး, ငရုတ်သီးစိမ်းခွဲခြမ်းထည့်မွှေပီး အရသာမြည်းပါ။
၇- မကျည်းရည်,ဆား,ဟင်းခပ်မှုန့်ထည့်ပီး
၅ မိနစ်ခန့်ကြာရင်တော့ အိုးချလို့ရပါပီ။
ဟင်းရည် အပျစ်အကျဲ,အသီးအနှံ နူးတဲ့အနေအထားနဲ့
အရသာကတော့ မိမိ နှစ်သက်သလို ထည့်ပါ။
______________________________________________________
ပဲကတော့ ညတည်းကရေစိမ်ထားပီး
မနက်ကျမှ ဆားလဖက်စားဇွန်း ၁ ဇွန်းထည့်ပြုတ်ရင်
ခဏလေးနဲ့နူးပါတယ်။
အာလူး,ဘူးသီး,ပဲသီး,ဒန့်ဒလွန်သီး,ရွှေဖရုံသီး,ဥနီ
ခရမ်းသီး,ပန်းဂေါ်ဖီ
ရုံးပတီသီး
အသီးအနှံ ၉ မျိုးကထွက်တဲ့အချိုဓါတ်တွေနဲ့
ဟင်းခပ်မှုန့်တောင် သိပ်မလိုပါဘူး။
ဒါကြောင့် နောက်ဆုံး အရသာမြည်းပီးမှ
အရသာလိုတာလေး ဖြည့်စွက်ထည့်ပေးပါ။
မကျည်းရည်လည်း နောက်ဆုံးမှပဲထည့်ပါ။
ခပ်စောစောထည့်လိုက်ရင် အသီးအနှံတွေ
တော်တော်နဲ့မနူးတော့လို့ပါ။

image