အကောင်းတွေ ကြုံတဲ့အခါ စိတ်လွတ်ပြီး အထိန်းအကွပ်မရှိ ပျော်တတ်တဲ့သူက အဆိုးတွေ ကြုံလာတဲ့အခါ ပိုပြီး အထိနာတတ်ပါတယ် ။ အမြဲတစေ သတိတရားရှိဖို့ ဘုရားက ဟောထားခဲ့ပါတယ် ။
ပျော်စရာကြုံလည်း သတိလေးနဲ့ ခံစား ၊ စိတ်ညစ်စရာကြုံလည်း သတိတရားကို လက်မလွှတ်သင့်ပါဘူး ။ အရာရာ တိုင်းက ရေပွက်ပမာ ခဏတာလေးပါ ။ ပျော်ရွှင်တာပဲဖြစ်ဖြစ် ၊ ဝမ်းနည်းတာပဲ ဖြစ်ဖြစ် ၊ ချမ်းသာတာပဲ ဖြစ်ဖြစ် ၊ ဆင်းရဲတာပဲ ဖြစ်ဖြစ် အချိန်တန်ရင် ပြီးတော့လည်း ပြီးသွားမှာပါပဲ ။
နေထွက်ချိန်ရှိသလို နေဝင်ချိန်ရှိတယ် ။ အမှောင်ဆုံး ညနက်တွေ ရှိသလို အရုဏ်ဦးရဲ့ အလင်းရောင်နီ ရှိတယ် ။ ကံဆိုးမှု ရှိသလို ကံကောင်းမှု ရှိတယ် ။ အကောင်း နဲ့ အဆိုးကို တွဲတွဲပြီး မြင်ကြည့်တတ်ရမယ် ။ ငြိမ်းချမ်းတဲ့စိတ်နဲ့ ငြိမ်းချမ်းတဲ့ ဘဝကို ရချင်သူတိုင်းက ဒီလိုအမြင်ရှိရမှာ ဖြစ်ပါတယ် ။
အကောင်း အဆိုး နှစ်တန် သဘောအမှန်တွေကို မြင်အောင် ကြည့်ပေးမယ်ဆိုရင် ဘယ်လို လောကဓံတွေ ကြုံတွေ့ပါစေ “ ဒါက.. မမြဲဘူး၊ ဒါလေးလည်း အချိန်တန်ရင် လောကဓံတွေကို ထိလွယ်ရှလွယ် Sensitive မဖြစ်ဘဲ အကောင်း ပြီးသွားမှာပါ ” ဆိုတဲ့ ငြိမ်းချမ်းတဲ့စိတ်နဲ့ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းနိုင်ပါလိမ့်မယ် ။
#ဉာဏ #ငြိမ်းချမ်းသောစိတ်ငြိမ်းချမ်းသောဘဝ