❝ဗဟိုဘဏ်က စားသုံးဆီနဲ့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေတွေအတွက် အမေရိကန်ဒေါ်လာ ၈ သိန်းကျော် ထုတ်ရောင်းပေးပြီး စက်သုံးဆီလုပ်ငန်းရှင်းများအတွက် အမေရိကန်ဒေါ်လာ ၂၂ သန်း ထပ်မံရောင်းချပေးမည်❞

စက်တင်ဘာ ၂၄

CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၈ သိန်းကျော်ကို စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေတွေအတွက် ရောင်းချပေးခဲ့သလို စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၂၂ သန်းကိုလည်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ ရောင်းချပေးမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စက်တင်ဘာ ၂၃ ရက်နေ့မှာ အသိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ အမေရိကန်ဒေါ်လာ ၈ သိန်းကို စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် စက်တင်ဘာ ၂၃ ရက်နေ့မှာ ထုတ်ရောင်းပေးခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉၉၆၃၈ ကိုတော့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် ထုတ်ရောင်းပေးခဲ့တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့ကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ အမေရိကန်ဒေါ်လာ ၁,၂၉၃,၁၈၉.၀၄ ကို စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် ထုတ်ရောင်းပေးခဲ့သလို အမေရိကန်ဒေါ်လာ ၄၅၂,၅၃၂.၄၃ ကိုတော့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် ထုတ်ရောင်းပေးခဲ့ပါသေးတယ်။

FX Trading မှာ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ ဆောက်လုပ်ရေးပစ္စည်း၊ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ တိရစ္ဆာန်အစာ၊ ထုတ်ပိုးမှုပစ္စည်းများ၊ သံမဏိ၊ စိုက်ပျိုးရေးသုံးပစ္စည်းများ၊ စားသုံးကုန်စည် တင်သွင်းတဲ့ Importer များမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့တယ်လို့လည်း ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image