17 ပတ် - ဘာသာပြန်ပါ။

တောင်ဥက္ကလာမြို့နယ်တွင် ဆိုင်ကယ်ဘေးတွဲမောင်းသူက အမျိုးသမီးတစ်ဦး ဓားနဲ့ထိုး
စက်တင်ဘာ - ၂၄
ရန်ကုန်တိုင်း တောင်ဥက္ကလာမြို့နယ် အမှတ်(၄ )ရပ်ကွက် ပါရမီလမ်းမပေါ်ရှိ နေအိမ်အရှေ့တွင် ရပ်နေသူ အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်ဘေးတွဲမောင်းသူက ဓားနဲ့ထိုးခဲ့တယ်လို့ ရပ်ကွက်နေပြည် သူတစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၂၃ ရက် ည ၁၀ နာရီကျော်အချိန်က တောင်ဥက္ကလာမြို့နယ် (၄ )ရပ်ကွက် ပါရမီလမ်းမပေါ် ရှိ ပါဝါမိုဘိုင်းဖုန်းဆိုင်ဘေး နေအိမ်အရှေ့တွင် ရပ်နေသူ အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်ဘေးတွဲမောင်း သူက ဓားဖြင့်ထိုးခဲ့တာဖြစ်ပါတယ်။
ပါရမီလမ်းမပေါ် ပါဝါမိုဘိုင်းဖုန်းဆိုင်ဘေးက သူ့အိမ်ရှေ့မှာရပ်နေစဉ် ဘေးတွဲသမားက ခရီးသည် တစ်ဦးလည်း ပတင်ဆောင်လာပြီး အမျိုးသမီးကို “ဒါဘယ်နေရာလဲ ဆိုပြီးမေးမြန်းခဲ့စဉ် အမျုးသမီးက မသိဘူးလို့” ပြောတော့ ဓားနဲ့တူတဲ့ အချွန်နဲ့ ထိုးလိုက်တာ လည်ပင်းကိုထိသွားချိန်မှာ အော်လိုက်တဲ့ အတွက် ပတ်ဝန်းကျင်ကလူတွေထွက် လာတဲ့အတွက် မောင်းပြေးသွားတာဖြစ်တယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
အမျိုးသမီးအော်လိုက်ချိန်တွင် ပါဝါမိုဘိုင်းဆိုင်ရှိတော့ လုံးခြုံရေးတွေနဲ့ ရပ်ကွက်ပြည်သူအချို့ ထွက်လာ ချိန် မှာတော့ လူယက်ဖို့လုပ်နေတဲ့ သူတွေလည်း ထွက်ပြေးသွားကြပြီး လူနာကသွေးထွက်နေတဲ့အတွက် လူမှုကူညီရေးအသင်းကို ဆက်သွယ်အကူအညီတောင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဓားထိုးခံရသူ အမျိုးသမီးကို မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းမှ တောင်ဥက္ကလာပ ဆေးရုံကြီးသို့ အချိန်မှီပို့ဆောင်ပေးခဲ့တဲ့အတွက် အသက်အန္တရယ် စိုးရိမ်စရာမရှိတော့ဘူးလို့ ကူညီရေး တွင်ပါဝင်သူတစ်ဦးက ပြောပါတယ်။

image