တိုင်ဖွန်း ရာဂါဆာ ဟောင်ကောင်ကို အင်အားအမြင့်ဆုံးအဆင့်ဖြင့် ဝင်ရောက်တိုက်ခတ်
−−−−−−−−−−−−−−−−−−−−−−−−−−−−−
အပူပိုင်းမုန်တိုင်းဖြစ် တိုင်ဖုန်း ရာဂါဆာ (Ragasa) သည် မုန်တိုင်းပြင်းအား သတ်မှတ်သည့် အမြင့်ဆုံးသတ်မှတ်ချက် အဆင် ၁၀ ဖြင့် ဟောင်ကောင်သို့ ယနေ့ (စက်တင်ဘာ ၂၄ ရက်) တွင် ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့် လူနေအိမ်၊ အဆောက်အအုံနှင့် လမ်းများပျက်စီးသွားသည်။
မုန်တိုင်း၏ အလယ် ဗဟိုအနီးတွင် လေတိုက်နှုန်း အမြင့်ဆုံး ၁၉၅ ကီလိုမီတာ (တစ်နာရီ မိုင် ၁၂၀ ကျော်) အထိရှိကြောင်း ဟောင်ကောင် မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။
−−−−−−−−−−−−−−−−−−−−−−−−−−−−−
တိုင်ဖွန်း ရာဂါဆာ အင်အားအဆင့် ၁၀ ဖြင့် စက်တင်ဘာ ၂၄ ရက်က ဟောင်ကောင်သို့ ဝင်ရောက်စဉ် အပျက်အစီးများကို တွေ့ရစဉ်၊ (ဓာတ်ပုံ– EPA)