ဘီလျှံနာရဲ့ အသက် ၂၃ နှစ်အရွယ်ရှိ သမီးကို ဥက္ကဌသစ်အဖြစ် ခန့်အပ်လိုက်ပြီးနောက် နေ့ချင်းညချင်း ကမ္ဘာသိ ကလပ်ဖြစ်လာတဲ့ စီးရီးစီကလပ်

စက်တင်ဘာ ၂၄

တာနာနာဟာ အီတလီတတိယတန်းလိဂ်မှာ နာမည်အကျော်ကြားဆုံးကလပ် ဖြစ်လာပါတယ်။ ဘောလုံးကြောင့်တော့ မဟုတ်ပါဘူး။

စီးရီးစီကလပ်ဟာ ဘီလျှံနာရဲ့ ချောမောလှပတဲ့ သမီး အသက် ၂၃ နှစ်အရွယ်ရှိ ကလူဒီယာရီဇိုအား ကလပ်ဥက္ကဌအဖြစ် ခန့်အပ်လာမှုနှင့်အတူ နေ့ချင်း ညချင်း ဥရောပတလွှားဘောလုံးပရိသတ်များရဲ့ အားပေးမှု ရရှိလာခဲ့ပါတယ်။

ကလူဒီယာက စီးပွားရေးလုပ်ငန်းရှင် ဂီယန်လူဂီရီဇိုရဲ့ သမီး ဖြစ်ပါတယ်။ ရီဇိုဟာ ကလပ်ကို ဝယ်ယူပြီးတဲ့နောက် သမီးဖြစ်သူကို ကလပ်ဥက္ကဌအဖြစ် ခန့်အပ်လာတာပါ။ ကလူဒီယာဟာ ကလပ်သမိုင်းတွင် ပထမဆုံးအမျိုးသမီးဥက္ကဌဖြစ်လာပါတယ်။

ကလူဒီယာဟာ အပြုံးချိုချို လူငယ်ဆန်ဆန် ရိုးရှင်းတဲ့ အလှအပ ချက်ချင်းဆိုသလို ဘောလုံးပရိသတ်များအကြား ရေပန်းစားလာခဲ့တာလည်း ဖြစ်ပါတယ်။

ရီဇိုက စစ္စလီတွင် သံလွင်ဆီထုတ်လုပ်ရေးလုပ်ငန်းဖြင့် ကြွယ်ဝချမ်းသာသူ ဖြစ်ပါတယ်။

တာနာနာဟာ စီးရီးစီ အုပ်စု(ခ)အမှတ်ပေးဇယားအလယ်ပိုင်းတွင် ရပ်တည်နေတဲ့ ကလပ် ဖြစ်ပါတယ်။

ဒါပေမဲ့ တာနာနာဟာ ဥက္ကဌသစ်ကြောင့် စီးရီးစီတွင် လူပြောအများဆုံး ဖြစ်လာရုံသက တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်ခြင်းခံလာရပြီလည်း ဖြစ်ပါတယ်။

#ဘောလုံးသတင်းစုံ

image