17 ပတ် - ဘာသာပြန်ပါ။

ကြက်သားလက်ဖက်သုပ်
------------------------------
တရုတ်ရိုးရာအစားအစာတွေမှာ လက်ဖက်ခြောက်နဲ့ ကျပ်တိုက်ပြီး ကင်တဲ့ ကြက်သား၊ လက်ဖက်ခြောက်အနံ့တို့ကို ယူပြီး လုပ်ထားတဲ့ ဟင်းရည်နဲ့ ထမင်းရှိပါတယ်။ လက်ဖက်ကတော့ မြန်မာ့ရိုးရာအစားအစာပါ။ လက်ဖက်ကို အမျိုးမျိုး လုပ်စားကြတယ်။ အိမ်မှာ အလွယ်တကူလုပ်နိုင်တဲ့ ကြက်သားလက်ဖက်သုပ်နည်းလေးကို ရေးပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်ပေါင်သား – ၂၃၀ ဂရမ်
ချင်း – ၂၀ ဂရမ်
ကြက်သွန်ဖြူ – ၂ မြွှာ
ရေ – ၆၀ဝ မီလီလီတာ
ဇယန်းလက်ဖက်အညွန့် – စားပွဲဇွန်း ၃ ဇွန်း
ငရုတ်သီးစိမ်းအနီ – ၂၈ ဂရမ်
ငရုတ်သီးစိမ်း – ၂၃ ဂရမ်
ကြက်သွန်ဖြူ – ၃၅ ဂရမ်
ချယ်ရီခရမ်းချဉ်သီး – ၅ လုံး
ဂေါ်ဖီ
သံပရာသီး – ၆ လုံး (သို့)
သံပရာရည် - စားပွဲဇွန်း ၃ ဇွန်း
ပုစွန်ခြောက် – စားပွဲဇွန်း ၂ ဇွန်း (ရေစိမ်ထားပါ)
ဆား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဆီ – စားပွဲဇွန်း ၃ ဇွန်း
ခရမ်းချဉ်သီး – ၂ လုံး (၁၀ဝ ဂရမ်)
ဆား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ကြက်သွန်ဖြူကြော် – စားပွဲဇွန်း ၂ ဇွန်း
ငံပြာရည် – စားပွဲဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
၁။ ကြက်ရင်ပုံသားကို ပါးပါးလှီးထားတဲ့ ချင်း၊ ကြက်သွန်ဖြူ၊ ဆားထည့်ပြီး ပြုတ်ထားပါ။ ကျက်လျှင် ဆယ်ယူပြီး အအေးခံထားပါ။
၂။ ဇယန်းလက်ဖက်ကို ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်၊ ဆားတို့နဲ့ ရောပြီး ကြေညက်အောင် ထောင်းပါ။
၃။ လက်ဖက်ညက်လျှင် သံပရာရည်ထည့်ကာ စိမ်ပြီး နယ်ထားပါ။
၄။ ပြုတ်ထားတဲ့ ကြက်သားကို အသားမျှင်ထားပါ။
၅။ ဂေါ်ဖီနှင့် ခရမ်းချဉ်သီကို ပါးပါးလှီးထားပါ။
၇။ ပြီးလျှင် အသုပ်သုပ်မည့် ဇလုံထဲ မျှင်ထားတဲ့ ကြက်သားအသားကို ထည့်ပါ။ ပြီးလျှင် နှပ်ထားတဲ့ လက်ဖက်၊ ဂေါ် ဖီ၊ ခရမ်းချဉ်သီး၊ သံပရာရည်၊ ငံပြာရည်နှင့် ကြက်သွန်ဖြူကြော်တို့ကို ထည့်ပြီး နယ်ပါ။
၈။ ပြီးလျှင် ပန်းကန်ထဲကို ပြောင်းထည့်ကာ ကြက်သွန်ဖြူကြော် ဖြူးပြီး သုံးဆောင်ပါ။
-------------------------------------

image