5 ပတ် - ဘာသာပြန်ပါ။

F4 မင်းသမီးဘာဘီဆုရဲ့အမှတ်တရရုပ်တုလုပ်ဖို့ ခင်ပွန်းဖြစ်သူ စီစဉ်နေ
ထိုင်ဝမ်နာမည်ကြီးမင်းသမီး ဘာဘီဆု ကွယ်လွန်ခဲ့တာ ၇ လရှိပါပြီ။ သူ့ရဲ့ခင်ပွန်း တောင်ကိုရီးယားရက်ပ်အဆိုတော် DJ Koo ကလည်း ဘာဘီဆုရဲ့အုတ်ဂူရှိရာ Chin Pao San သင်္ချိုင်းကို မကြာခဏ လာကာ ဝမ်းနည်းပူဆွေးလို့နေပါတယ်။
ပြီးခဲ့တဲ့အပတ်က သင်္ချိုင်းကို လာတဲ့အချိန်မှာတော့ သူ တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ သူ့ရဲ့ကိုရီးယားသူငယ်ချင်း မိုက်ကယ်နဲ့ ထိုင်ဝမ်သူငယ်ချင်းတစ်ဦးတို့ အတူပါလာခဲ့ပါတယ်။ DJ Koo က ဘာဘီဆု ကြိုက်နှစ်သက်တဲ့ အစာပြေမုန့်တွေနဲ့ ဖယောင်းတိုင်တွေကို ယူလာခဲ့တဲ့အပြင် သူတို့လင်မယားနှစ်ယောက်ပုံ (၆) ပုံကိုလည်း အုတ်ဂူရှေ့မှာ ထားရှိခဲ့ပါတယ်။
DJ Koo ကို Tablet နဲ့ ပုံကြမ်းရေးဆွဲနေတာ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီပုံကြမ်းတွေက ဘာဘီဆုရဲ့အမှတ်တရရုပ်တုအတွက်ဖြစ်ပုံရပါတယ်။ DJ Koo ဒီဇိုင်းရေးဆွဲတဲ့ ရုပ်တုကို ဘာဘီဆုရဲ့အုတ်ဂူနဲ့ ၁ ကီလိုမီတာခန့်အကွာမှာ ထားရှိသွားမှာဖြစ်ပြီး ဘာဘီဆု ကွယ်လွန်တဲ့ ၁ နှစ်ပြည့်မှာ ဒီရုပ်တု ပြီးမြောက်ဖို့ မျှော်လင့်ရပါတယ်။
အုတ်ဂူ လာလည်တဲ့အချိန်မှာ သတင်းထောက်တချို့က အင်တာဗျူးမေးမြန်းဖို့ အခွင့်အရေးရခဲ့ပါသေးတယ်။ DJ Koo ဟာ ဘာဘီဆုကို မကြာခဏ အိပ်မက်မက်တဲ့အကြောင်း သတင်းထောက်တွေကို ဖြေကြားသွားခဲ့ပါတယ်။
Ref: Husband Of Barbie Hsu Reveals He Often Dreams Of Her, Is Designing Statue In Her Memory

image