5 ပတ် - ဘာသာပြန်ပါ။

နယ်ချဲ့တို့ရဲ့ ကိုလိုနီလက်သစ်ဝါဒ လက်နက်ဖြစ်နေသည်ဟု ဆိုကာ ICC မှ အာဖရိက (၃) နိုင်ငံနှုတ်ထွက်

စက်တင်ဘာ ၂၄

မာလီ၊ ဘူကီနာဖာဆို နဲ့ နိုင်ဂျာနိုင်ငံတို့ဟာ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှ နုတ်ထွက်ကြောင်း ကြေ ညာလိုက်ပြီး ခုံရုံးရဲ့ တရားသူကြီး ရွေးချယ်ခန့်အပ်ခြင်းနဲ့ ပြည်ပ ဝင်ရောက်စွက်ဖက်မှုများ ရှိနေတယ်လို့ စွပ်စွဲ လိုက်ကြောင်း “ယူရိုနယူးစ်” (23 September 2025) က ရေးပါတယ်။

တနင်္လာနေ့ညက ထုတ်ပြန်လိုက်တဲ့ စစ်တပ် ဦးဆောင် အစိုးရသုံးခုရဲ့ ပူးတွဲကြေညာချက်မှာ ICC ဟာ နယ်ချဲ့ စနစ်လက်တွင်း ကိုလိုနီလက်သစ်ဝါဒရဲ့ ပြန်လည်ဖိနှိပ်ရေး လက်နက်ကိရိယာ ဖြစ်လာနေတယ်လို့ ဖော်ပြထား ပါတယ်။ မိမိတို့အနေနဲ့ မိမိတိုင်းပြည်ရဲ့ အချုပ်အခြာအာဏာပိုင်မှုကို ခိုင်မာစေလိုပြီး ICC ၏ အခန်းကဏ္ဍနေ ရာမှာ မိမိတို့နိုင်ငံတွင်း အုပ်ချုပ်ရေး-တရားရေးစနစ်များနဲ့အစားထိုးရန် ဆန္ဒရှိကြောင်း ပြောဆိုပါတယ်။

နယ်သာလန်နိုင်ငံ ဟိတ်မြို့တွင် အခြေစိုက် ICC ဟာ စစ်ရာဇဝတ်မှုများ၊ လူသားများအပေါ် ကျူးလွန်တဲ့ ရာဇ ဝတ်မှုများနဲ့ လူမျိုးသုဉ်းစေတဲ့ ဂျီနိုဆိုက်မှုများကို စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ ယခူလို နုတ်ထွက်တဲ့ လုပ်ငန်း စဉ်ဟာ အနည်းဆုံး တစ်နှစ်ခန့် ကြာမြင့်လေ့ ရှိပါတယ်။

အာဖရိက အနောက်ပိုင်းရှိ အဆိုပါ နိုင်ငံသုံးနိုင်ငံစလုံးမှာ စစ်တပ် အာဏာသိမ်းမှုများ ဖြစ်ပွားပြီးနောက် ယခု ဆုံးဖြတ်ချက်ကို ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အာဏာရရှိလာကတည်းက အဲ့ဒီနိုင်ငံ ခေါင်းဆောင်တွေဟာ ECOWAS “အီကိုဝပ်စ်” ခေါ် အနောက်အာဖရိက ၁၂-နိုင်ငံပါ ဒေသတွင်း နိုင်ငံရေး စီးပွားရေးအဖွဲ့မျိုးကဲ့သို့ အစဉ်အလာ မိတ်ဖက်များနဲ့ ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး ရုရှားနိုင်ငံဘက်သို့ ပိုမိုယိမ်းညွှတ်လာခဲ့ကြောင်း တွေ့ရှိရပါတယ်။

ရုရှားဟာ မာလီနိုင်ငံကို လက်နက်များနဲ့ ရဟတ်ယာဉ်များ ပေးအပ်ခဲ့ပါတယ်။ မာလီ စစ်အစိုးရကလည်း ဆာဟဲ ဒေသ ခေါ် အာဖရိမြောက်ပိုင်းနဲ့ ဆာဟာရသဲကန္တာရတောင်ပိုင်းကြားဒေသရှိ အစ္စလာမ်မစ် အကြမ်းဖက် စစ် သွေးကြွများကို တိုက်ခိုက်ရန် ရုရှား Wagner “ဝဂ္ဂနာ” ခေါ် ပုဂ္ဂလိက စစ်တပ်များနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါ တယ်။

လူ့အခွင့်အရေးအဖွဲ့များကမူ ဝဂ္ဂနာနဲ့ မာလီတပ်ဖွဲ့ဝင်များဟာ ပြည်သူများကို သတ်ဖြတ်တယ်လို့ စွပ်စွဲ ထားပါတယ်။ ဝဂ္ဂနာဟာ ဘူကီနာဖာဆိုနဲ့လည်း အလားတူ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားပါ တယ်။ ယမန်နှစ်က ရုရှားက ဘူကီးနာဖာဆိုကို ဂျုံစပါး တန်ချိန် ၅၀,၀၀၀ အခမဲ့ ပေးပို့ခဲ့ပြီး ကုန်သွယ်ရေးတိုး ချဲ့ရန် ကတိပြုခဲ့ပါတယ်။

တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့တွေ ထွက်ခွာရန် အမိန့်ပေးခံခဲ့ရတဲ့ နိုင်ဂျာနိုင်ငံမှာတော့ များမကြာမီ နိုင်ဂျာ မြို့တော် နီရာမီး လေယာဉ်ကွင်းကို ရုရှားတပ်ဖွဲ့များ ဝင်ရောက်ရန် ခွင့်ပြုခဲ့ပါတယ်။ ယခုရက်သတ္တပတ် စော စောပိုင်းမှာ မာလီ၊ ဘူကီနာဖာဆိုနဲ့ နိုင်ဂျာနိုင်ငံတို့မှ သံအမတ်ကြီးတွေဟာ မော်စကို သိမ်းပိုက်ထားတဲ့ ခရိုင်မီး ယားဒေသကို ရုရှားအရာရှိများနဲ့အတူ သွားရောက်လည်ပတ်ခဲ့ပါတယ်။ အဲ့ဒီ ခရီးစဉ်ကို ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ကဲ့ရဲ့ရှုတ်ချခဲ့ပြီး ဒီလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေနဲ့ ခရိုင်မီးယားဟာ ယူကရိန်းရဲ့ ပိုင်နက်အ စိတ်အပိုင်းဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်များကို မထီမဲ့မြင် ပြုခြင်းဖြစ်တယ်လို့ ပြောပါတယ်။

ယခု ၃-နိုင်ငံဟာ ICC မှ နှုတ်ထွက်သွားတဲ့ နောက်ဆုံးနိုင်ငံများ ဖြစ်ကြပါတယ်။ ဂါဇာနဲ့ ပတ်သက်ပြီး စွပ်စွဲ ထားတဲ့ စစ်ရာဇဝတ်မှုများအတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုကို ဖမ်းဝရမ်းထုတ်ခဲ့တဲ့ ICC အပေါ် ဝေဖန်ပြီးနောက် ဟန်ဂေရီနိုင်ငံက နုတ်ထွက်မယ်လို့ ဧပြီလမှာ ကြေညာခဲ့ပါတယ်။ အာဖရိအရှေ့ပိုင်း ကုန်းတွင်းပိတ်တိုင်းပြည် ဘူရွန်ဒီနိုင်ငံက ၂၀၁၇ ခုနှစ်မှာ ICC မှ နုတ်ထွက်ခဲ့ပြီး၊ တစ်ချိန်က နုတ်ထွက်ရန် စဉ်း စားခဲ့တယ်ဆိုတဲ့ တောင်အာဖရိကနှင့် ဂမ်ဘီယာနိုင်ငံတို့က မနုတ်ထွက်ဖြစ်သေးပါဘူး။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image