ပဲပြားချဉ်စပ်ဟင်း
ပဲပြား1(သို့)2 တုံး။ကြက်သွန်နီ 1 လုံး+ငရုတ်စိမ်း
8 တောင့်+ခရမ်းချဉ်သီး 1 လုံးတို့ကို ပါးပါး
လှီးထားပါ။
ပဲပြား 1 တုံးစီကို 4စိတ် စိတ်၍မထူမပါး လှီး
ကာ ဆီ အနည်းငယ်ဖြင့် အနားတင်းအောင
်ကြော်ထားပေးပါ။
ထို့နောက်ပဲပြားများကို ပန်းကန်ဖြင့်ခပ်ထားကာ
ထိုဆီလက်ကျန်ဖြင့် ပါးပါးလှီးထားသော ကြက်သွန်
ငရုတ်စိမ်း။ခရမ်းချဉ်သီးတို့နှင့် ငရုတ်သီးအမှုန့်tea
ဇွန်း 2 ဇွန်းခန့်ထည့်ကာ အနံ့မွှေးလာတဲ့အထိ ဆီသပ်
ပေးပါ။ငံပြာရည် ဟင်းခပ်ဇွန်း 1ဇွန်း။ ဗီနီကာရည် (သို့)
သံပုရာရည် ဟင်းခပ်ဇွန်း 2 ။သကြား tea ဇွန်း 1 ထည့်ပါ။
ပဲပြားများ ထည့်ပါ။ရေ အနည်းငယ် ထည့်ကာ မွှေပေးပါ။
3 မိနစ်ခန့်ထား၍ ဆီပြန်လာရင် အရသာမြည်း၍ချလို့
ရပါပြီ။ ။