မြေချဉ်ခြင်းသည် စိုက်ပျိုးမြေ အများစုတွင် ကြုံတွေ့နေရလျက်ရှိသော ပြဿနာဖြစ်သည်။ မိုးများစွာ ရွာသွန်းခြင်း၊ ရေသွင်းစိုက်ပျိုးခြင်းနှင့် စိုက်ပျိုးနည်း စနစ်များကြောင့် မြေချဉ်ခြင်းများ ဖြစ်ပေါ်လာသကဲ့သို့ သီးနှံပင်၏ အမြစ်များမှလည်း အချဉ်ဓါတ်များ ထုတ်လွှတ်လျက် ရှိပါသည်။
စိုက်ပျိုးရေး လုပ်ငန်းများတွင် အများဆုံးအသုံးပြုလျက်ရှိ သော ယူရီးယားမြေသြဇာများသည် မြေချဉ်ခြင်းကို အားပေးသည့်အပြင် မြေသြဇာများကို သုံးစွဲရာတွင် စနစ္တက် အလေအလွင့် နည်းစေရန် အသုံးမပြုခြင်းကြောင့် နိုက်ထရိုဂျင်ဓာတ်များ မြေထဲသို့ စိမ့်ဝင် ခြင်းများ ဖြစ်ပေါ်ကာ မြေချဉ်စေပါသည်။
သီးနှံပင်များအားဆက်တိုက် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် သီးနှံပင်နှင့် အကြွင်း အက်န္မ်ား၏ ဆွေးမြေ့မှု ဖြစ်စဉ်များကြောင့်လည်း မြေချဉ်ခြင်းကို အားပေးလျက်ရှိသည်။ သို့သော် ထိုမြေချဉ်ခြင်းသည် တည်တံ့သော ဖြစ်စဉ်မဟုတ်ပဲ ပြန်လည်၍ pH မြင့်တက် လာနိုင်သည်။
မြေဆီလွှာအတွင်းတွင် ထိုသြဂဲနစ် ပစ္စည်းများမရှိသောအခါတွင် အမြဲထာဝရမြေချဉ်ခြင်းများ ဖြစ်ပေါ်လာမည်ဖြစ်သည်။ သို့ပါ၍ မြေဆီလွှာအတွင်းတွင် သြဂဲနစ်အကြွင်းအကျန်များ ရှိနေစေရေးသည် အရေးကြီးပါသည်။
ဖော့စဖိတ်မြေသြဇာများသည် မြေချဉ်ခြင်းကို တိုက်ရိုက် မဖြစ်ပေါ်စေသော်လည်း မြေဆီလွှာအတွင်းတွင် clover များဖြစ်ပေါ်ခြင်းကိုအားပေးကာ၎င်းတို့မှ တဆင့် မြေချဉ်ခြင်းကိုဖြစ်စေသည်။
သီးနှံပင်များကို မီးရှို့ခြင်းသည် ပြာဓာတ်ကိုရရှိစေကာ မြေဆီလွှာအားအနည်းငယ် အငန် ဓာတ်များ ဖြစ်ပေါ်လာစေ သော်လည်း ရေဖြင့်ဆေးကြောသောအခါတွင်ပိုမို၍အချဉ်ပေါက်ခြင်းကိုဖြစ်ပေါ်စေပါသည်။ မြေချဉ်ပြဿနာများသည် ပြုပြင်နိုင်သော်လည်း လွန်ကဲစွာ ချဉ်ခြင်းများ ဖြစ်ပေါ်လာပါက ပြုပြင်၍ မရနိုင်ပါ။
မြေ၏ အပေါ်ယံလွှာ ၁၀ စင်တီမီတာ (၄ လက်မ) တွင် မြေချဉ်ခြင်း ဖြစ်ပေါ်ပါက ပြုပြင်နိုင်သော်လည်း အောက်လွှာ အချဉ်ပေါက်ခြင်းများသည် ပြုပြင်ရန် ခက်ခဲပါသည်။ ထို့အပြင် pH(ca) ၃.၈ အောက် ကျဆင်းသွားပါက စိုက်ပျိုးမြေ အဖြစ်သို့ ပြန်လည် ပြုပြင်ရန် မဖြစ်နိုင်တော့ချေ။ pH သည် ၃ အောက်သို့ ကျဆင်းသွားပါက Acid Sulphate Soil များနှင့် ဆက်စပ်နေသည်ဟု ယူဆနိုင်သည်။