❝ထိုင်းမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၄၀ ကျော်ကို မြန်မာဘက်သို့ လွှဲပြောင်းပေးအပ်❞

စက်တင်ဘာ ၂၄

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံခဲ့ပြီးဖြစ်တဲ့ မြန်မာနိုင်ငံသား ၁၄၀ ကျော် ကို ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရနောင်းလူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူတွေက စက်တင်ဘာ ၂၃ ရက်၊ မနက် ၁၁ နာရီခွဲအချိန်မှာ ရေကြောင်းကနေတစ်ဆင့် ကော့သောင်းမြို့ကို ပို့ဆောင် လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ မြန်မာနိုင်ငံသား ၁၄၀ ကျော်ထဲမှာ အမျိုးသား ၁၂၂ ဦး၊ အမျိုးသမီး ၁၈ ဦးနဲ့ ကလေးငယ် ၄ ဦး ပါဝင်တယ်လို့သိရပြီး သူတို့တွေဟာ ထိုင်းနိုင်ငံထဲမှာ အကြောင်းအမျိုးမျိုးနဲ့ ထိုက်သင့်တဲ့ပြစ်ဒဏ်တွေ ခံခဲ့ရပြီးနောက် လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာကြတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်အတွင်းကလည်း မြန်မာနိုင်ငံသား ၁၅၀ ကျော်ကို ရနောင်း-ကော့သောင်း ရေလမ်းကြောင်းကတစ်ဆင့် ပြည်နှင်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#centralnewsnaypyitaw

image
image
image
image