5 w - Translate

✡️လူတွေ အလိုကျတိုင်း လိုက်လုပ်မနေနဲ့ မင်း လမ်းပျောက်သွားလိမ့်မယ်။
✡️လူတွေ ဝေဖန်တိုင်းလည်း လိုက်ခံစားမနေနဲ့။ မင်း စိတ်ညစ်ရလိမ့်မယ်။
✡️လူတွေ ကဲ့ရဲ့တိုင်းလည်း ဒေါသထွက်မနေနဲ့။ မင်း စိတ်ပူလောင်ရလိမ့်မယ်။
✡️လူတွေ အကောင်းမမြင်တိုင်းလည်း အားငယ်မနေပါနဲ့။ မင်း စိတ်ဓာတ်ကျတတ်တယ်။
✡️လူတွေကို မလိုအပ်ဘဲ ဘာမှပေးချင်မနေပါနဲ့။ မင်း တန်ဖိုးကျတတ်တယ်။
✡️လူတွေရဲ့ အမှိုက်တစ်စလို စွန့်ပစ်ခံရလည်း အထီးကျန်တယ်လို့ တွေးမနေပါနဲ့။ ဘဝ အမှောင်ကျတတ်တယ်။
✡️လူတိုင်းက မင်းနဲ့ အတွေးမတူနိုင်သလို လူတိုင်းကလည်း မင်း စိတ်ချမ်းသာအောင် လုပ်ပေးနေမှာ မဟုတ်ဘူး။
✡️လူတိုင်းက မင်းကို ကိုယ်ချင်းစာပေးနေမှာ မဟုတ်ဘူး။
✡️လူတိုင်းက မင်းကို စိတ်ဝင်စားနေကြမှာ မဟုတ်ဘူး။လူတိုင်း ကြိုက်အောင်လည်း မင်း နေပေးနိုင်မှာ မဟုတ်ဘူး။ နေပေးစရာလဲ မလိုဘူး။
✡️လူတိုင်းရဲ့ နှလုံးသားမှာလည်း မင်းနေရာ မယူနိုင်ဘူး မင်းဘဝကို မင်းပိုင်တယ်။
✡️မင်းအတွေးတွေကို မင်းပဲ ထိန်းချုပ်ပါ။ မင်းလျှောက်မယ့်လမ်းကို မင်းပဲ ရွေးချယ်ပါ မင်းကိုယ်မင်း ယုံကြည်မှုရှိပါ။
✡️မင်းစိတ်တွေ ပျော်အောင်လုပ်နိုင်တာ မင်းပဲ ရှိတယ် ဒါကြောင့်
မင်းအနာဂတ်ကို မင်းကိုယ်တိုင်ပဲ ပုံဖော်ထုဆစ်ပါလို့အကြံပြုပါရစေ။

image