အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်က အမျိုးသမီးတစ်ဦးဟာ တောအုပ်တစ်ခုထဲမှာ အစာငတ်ပြီး ပိန်လှီနေတဲ့ ခွေးကလေးတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ် သူမဟာ သနားစိတ်နဲ့ အိမ်ခေါ်လာပြီး သူမရဲ့ ဂရုစိုက်မှုအောက်မှာ ခွေးလေးဟာ တစ်ဖြည်းဖြည်း ပြန်လည်ကျန်းမာလာပြီး သန်မာထွားကြိုင်းလာပါတယ်
အချိန်ကြာလာတာနဲ့အမျှ ခွေးလေးဟာ သာမန်ခွေးတစ်ကောင်ထက် ပိုကြီးထွားလာပြီး ပုံမှန်ခွေးတွေနဲ့မတူဘဲ ထူးခြားတဲ့ အမူအကျင့်တွေ ရှိနေခဲ့ပါတယ် သူဟာ တစ်ဦးတည်းနေရတာကို ပိုနှစ်သက်ပါတယ် အမျိုးသမီးကလည်း ခွေးလေးကို မိသားစုဝင်တစ်ယောက်လို ချစ်ခင်မြတ်နိုးခဲ့ပါတယ်
ငါးနှစ်အကြာမှာတော့ သူမ ဟာ ခွေးလေးရဲ့ မျိုးရိုးကို စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် DNA စစ်ဆေးမှုရဲ့ ရလဒ်ထွက်လာတဲ့အခါမှာတော့ အားလုံး အံ့အားသင့်သွားခဲ့ရပါတယ် ခွေးလေး ဟာ သူမထင်ထားတဲ့အတိုင်း ခွေးမဟုတ်ဘဲ ကမ္ဘာပေါ်မှာ အကြီးဆုံးဝံပုလွေမျိုးစိတ်ဖြစ်တဲ့ Northwestern Wolf မျိုးစိတ်ဖြစ်နေပါတယ် ဒီဝံပုလွေမျိုးစိတ်ဟာ မြောက်အမေရိကတိုက်မှာ အများဆုံး တွေ့ရပြီး အရွယ်အစားက သာမန်ခွေးတွေထက် အဆမတန်ကြီးမားပါတယ်
ခွေးလေးဟာ တောရိုင်းဝံပုလွေဖြစ်နေပေမယ့် သူတို့နှစ်ဦးကြားက ခိုင်မာတဲ့ ချစ်ခြင်းမေတ္တာကတော့ ပြောင်းလဲမသွားပါဘူး ဒီဖြစ်ရပ်ကနေ ကန့်သတ်ချက်တွေဟာ ချစ်ခြင်းမေတ္တာရဲ့ စွမ်းအားကို တားဆီးနိုင်စွမ်းမရှိဘူးဆိုတာကို ပြသနေပါတယ် ခွေးတစ်ကောင်မဟုတ်ဘဲ ဝံပုလွေဖြစ်နေတယ်ဆိုတာ သိရပြီးနောက်မှာတောင် ဒီအမျိုးသမီးအတွက်တော့ အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင် မဟုတ်တော့ဘဲ မိသားစုဝင်တစ်ဦးဖြစ်နေပါပြီ
#knowledge #ဗဟုသုတ #whatthefacts #facts