"ပိုမိုအသက်ဝင်နေဦးမယ့် မိခင်ကြယ်"
ကျွန်တော့်တို့ နေအဖွဲ့အစည်းရဲ့ မိခင်ကြယ်ဖြစ်တဲ့ နေမင်းကြီးဟာ လာမယ့်နှစ်တွေမှာလည်း အခုနှစ်လိုမျိုး သက်ဝင်လှုပ်ရှားစွာနဲ့ ဆက်လက်တည်ရှိနေဦးမယ်လို့ နာဆာအဖွဲ့ကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုကဆိုပါတယ်။
ကျွန်တော်တို့ရဲ့နေမင်းကြီးဟာ ပျှမ်းမျှအားဖြင့် ၁၁ နှစ်ကို တစ်ခါခန့် ငြိမ်သက်လိုက်သက်ဝင်လှုပ်ရှားလိုက်ဖြစ်ပေါ်လျက်ရှိပါတယ်။
သက်ဝင်လှုပ်ရှားတဲ့ အချိန်မှာတော့ နေရဲ့ မျက်နှာပြင်အပေါ်မှာ Sunspot လို့ခေါ်တဲ့ နေကွက်များ ပိုမိုဖြစ်ပေါ်လေ့ရှိပြီး CME လို့ခေါ်တဲ့ ဖြစ်စဉ်ကိုတော့ Corona လို့လူသိများပါတယ်။ဒီလိုဖြစ်စဉ်မှာ ဘီလျံပေါင်းများစွာအရေအတွက်ရှိတဲ့ charged particle တွေကို နေအဖွဲ့အစည်းအတွင်းကို အရှိန်ပြင်းပြင်းနဲ့ လွှတ်ထုတ်လိုက်တာမျိုးပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ရက်နေ့မှာ ထုတ်ပြန်လာခဲ့တဲ့ နာဆာရဲ့သတင်းအရ ယခုဖြစ်ပေါ်နေတဲ့ နေရဲ့ Solar cycle ဟာ ပျှမ်းမျှ ၁၁နှစ် ပဲမဟုတ်တော့ပဲ ဒီထက်လည်းပိုကြာနိုင်တယ်လို့ လေ့လာမှုတွေအရဆိုပါတယ်။
နေမင်းကြီးဟာ တဖြေးဖြေးပိိုမိုသက်ဝင်လာတာမို့ လာမယ့်နှစ်တွေအတွင်းမှာလည်း အခုနှစ်လိုမျိုး Solar storm (နေမုန်တိုင်း)၊Solar wind ( နေလေလှ်ိုင်း) များနဲ့ Solar flare (နေမီးလျံ)များကို ပိုမိုထုတ်လွှင့်လိမ့်မယ်လို့လည်းခန့်မှန်းထားကြပါတယ်။
Solar Flare တွေဟာ နေရဲ့ မျက်နှာပြင်ကနေ ရုတ်တရက် ပေါက်ကွဲထွက်လာတဲ့ စွမ်းအင်တွေ ဖြစ်ပါတယ်။ နေရဲ့မျက်နှာပြင်ပေါ်က သံလိုက်စက်ကွင်းတွေ ရှုပ်ထွေးပြီး ပြတ်တောက်သွားတဲ့အခါမျိုးမှာ ဒီလို ပေါက်ကွဲမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။
ဒါပေမယ့် နေမင်းကြီးက အခုလိုအားပြင်းတဲ့ Solar wind တွေကို ထုတ်လွှင့်နေပေမယ့်လည်း ကျွန်တော်တို့ကမ္ဘာရဲ့သံလိုက်စက်ကွင်းက ကာကွယ်ပေးထားတာကြောင့် လူသားတွေအတွက်တော့ တိုက်ရိုက်သက်ရောက်မှု မရှိပါဘူး။
ဒါ့အပြင် CMEs ထုတ်လွှင့်မှုဖြစ်စဉ်တွေ၊ ကိုရိုနာဖြစ်ပေါ်မှုတွေက ငလျင်ဖြစ်ပေါ်မှုများနဲ့လည်းသက်ဆိုင်မှုမရှိတာကြောင့် ဒီအတွက်ကိုလည်းစိုးရိမ်စရာမလိုအပ်ပါဘူး။
နေမင်းကြီးရဲ့ Solar Flare တွေဟာ အာကာသရဲ့ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပြီး၊ သူတို့က ကမ္ဘာပေါ်က နည်းပညာသုံးပစ္စည်းတွေအပေါ် မှာသာ သက်ရောက်မှု ရှိနိုင်ပါတယ်။
NASA နဲ့ ESA လို အဖွဲ့အစည်းတွေက နေကို အဆက်မပြတ် စောင့်ကြည့်နေတာကြောင့် ဒီလိုဖြစ်ရပ်တွေကို ကြိုတင်သိရှိနိုင်ပြီး သက်ရောက်မှုတွေကို လျှော့ချနိုင်ဖို့ ကြိုးစားနေကြပါတယ်။ ကျွန်တော်တို့ဟာ နေမင်းကြီးရဲ့ စွမ်းအင်ကို အမှီပြုနေရသလို၊ သူ့ရဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေအပေါ်မှာလည်း သတိထား စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။