5 ပတ် - ဘာသာပြန်ပါ။

လွှတ်တော်ကိုယ်စားလှယ်တင်သွင်းမှုစာရင်း ပြည်ခိုင်ဖြိုးပါတီ ထိပ်ဆုံးမှ ရပ်တည်နေ

စက်တင်ဘာ ၂၅

ရွေးကောက်ဝင်ပြိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရာမှာ ပြည်ခိုင်ဖြိုးပါတီက အများဆုံးဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ပါတီအသီးသီးနဲ့ တသီးပုဂ္ဂလဝင်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းသူ စုစုပေါင်း ၄၉၆၃ ဦး ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၂၃ ရက်နေ့ ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

တနိုင်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီကြီး ၆ခုရဲ့ အမည်စာရင်းတင်သွင်းမှုမှာ ပြည်ခိုင်ဖြိုးပါတီက ၁၀၁၈ ဦး၊ တစညပါတီက ၆၉၄ ဦး၊ ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီက ၆၇၂ ဦး၊ ဦးကျော်စွာစိုးရဲ့ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီက ၄၂၈ ဦး၊ ဦးစိုင်းအိုက်ပေါင်ရဲ့ SNDP ပါတီက ၅၈၄ ဦး၊ ဦးကိုကိုကြီးရဲ့ ပြည်သူပါတီက ၅၁၂ ဦး ဖြစ်ပါတယ်။

တိုင်းဒေသကြီး/ပြည်နယ်တစ်ခုတည်းမှာပဲ ရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် ပါတီ ၅၁ ခုက အမည်စာရင်း ၉၆၀ တင်သွင်းထားပါတယ်။

တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားသူကတော့ ၉၅ ဦးသာ ရှိပါတယ်။

#democracynowmm

imageimage